SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

Tuesday, 26 May 2020 23:21 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၆   

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သွားလာ မှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ် လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသ ကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံးရေများ သွားရောက် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀နှင့် ပုဗ္ဗသီရိမြို့နယ်၊ စက်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ သမ္ဘာန်ချောင်းကျေးရွာသို့ သောက်သုံးရေဂါလန် ၂၄၀၀ နှင့် ရေသန့်ဘူးများကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မြာကျေးရွာ၊ ကွက်ငယ်ကျေးရွာ၊ မလှိုင်မြို့နယ်၊ ကသစ်ပင်ကျေးရွာ၊ စိုက်ထောက် ကျေးရွာ၊ သာစည်မြို့နယ်၊ ကန်သစ်ကျေးရွာများသို့ ရေသန့်ဘူးများကိုလည်းကောင်းအသီးသီး သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Read 59 times Last modified on Tuesday, 26 May 2020 23:25