SJ WorldNews - шаблон joomla Авто

နေရပ်ပြန်အလုပ်သမားများကို စားသောက်ဖွယ်ရာများပေးအပ်

Tuesday, 26 May 2020 23:42 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၆

COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း တရုတ်နိုင်ငံနှင့် မိုင်းလားဒေသများမှ အလုပ်လုပ်ကိုင်ပြီး မိုင်းလားဒေသမှ တစ်ဆင့် ပြန်လည်ဝင်ရောက် လာသော နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား အမျိုးသား ၂၈၁ ဦးနှင့် အမျိုးသမီး ၁၈၀ ဦးတို့ကို ယနေ့နံနက်ပိုင်းတွင် ၎င်းတို့၏နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တာကော်၊ ကွန်ဟိန်း၊ ခိုလမ်နှင့် နမ့်စန်မြို့များသို့ ဖြတ်သန်း၍ ပြန်လည်ထွက်ခွာကြသည်။    

အဆိုပါ နေရပ်ပြန်အလုပ်သမားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ  ကွန်ဟိန်းတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ပေါင်မုန့်၊ ရေသန့်ဘူးများနှင့် လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။  

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားဒေသ၌ Facility Quarantime ထားရှိပြီးဖြစ်သော နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား အမျိုးသား ၃၀၇ ဦးနှင့် အမျိုးသမီး ၁၈၈ ဦးတို့ကို မေ ၂၅ ရက်တွင် ၎င်းတို့၏နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် မိုင်းယန်းမြို့၊ ကျိုင်းတုံမြို့နှင့် တောင်ကြီးမြို့များ သို့ ဖြတ်သန်း၍ ပြန်လည်ထွက်ခွာကြသည်။

အဆိုပါနေရပ်ပြန်အလုပ်သမားများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော် သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိုင်းယန်းမြို့စစ်ဆေးရေးဂိတ်၌ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ရေသန့် ဘူးနှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 76 times Last modified on Tuesday, 26 May 2020 23:44