SJ WorldNews - шаблон joomla Авто

တပ်မတော်က ပအိုဝ်း၊ ဓနု၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားများအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

Tuesday, 26 May 2020 23:44 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၂၆   

တပ်မတော်အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက် လျက်ရှိပြီး COVID-19 ရောဂါကုသရေးတွင် အဆင်ပြေစေရန်အတွက် ပြည်သူ့ဆေးရုံများ၊ တိုက်နယ ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို ပေးပို့လှူဒါန်း လျက်ရှိသည်။  

 

ယနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့အတွင်းရှိ တိုင်းရင်းသားများအတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူဖြစ်စေရန်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ)က လှူဒါန်းသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ဆေးပစ္စည်းများကို သက်ဆိုင်ရာတိုင်းမှူးများနှင့် တာဝန်ရှိသူများက ဒေသဦးစီးရုံးများသို့ သွားရောက် ပေးအပ်လှူဒါန်းကြသည်။   

ထိုသို့ပေးအပ်လှူဒါန်းရာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်က ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင် နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း တို့ထံသို့လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်ထံသို့ လည်းကောင်း အသီးသီးပေးအပ်ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကြကာ ကျေးဇူးတင် စကားများ ပြန်လည်ပြောကြား ကြသည်။  

ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)က ယခုလို ဆေးပစ္စည်းများ လာရောက်လှူဒါန်းသည့်အတွက် မှတ်တမ်းတင် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံ၏ အဓိကအဖွဲ့အစည်းတစ်ခုဖြစ်သည့် တပ်မတော်သည် နိုင်ငံ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေသလို တစ်ဖက်တွင်လည်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့် တိုင်းပြည်၏ တိုင်းရင်းသားလူမျိုးရေးရာကဏ္ဍများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေသည်ကို လက်တွေ့ တွေ့ရှိ ရပါကြောင်း၊ ယခုကဲ့သို့  COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေချိန်တွင် မိမိတို့ဒေသအတွင်း လိုအပ်ချက်များကို တပ်မတော်မှ လိုက်လံဖြည့်ဆည်းပေးနေသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ အမျိုးသားရေး တာဝန်ဖြစ်သည့်အတွက် တတ်စွမ်းသရွေ့ တစ်ယောက်တစ်လက်အားဖြင့် လှူဒါန်းရခြင်းသည် မွန်မြတ်ပြီး ကောင်းမွန်သည့် ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ မိမိတို့ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့အနေဖြင့် ဒေသတွင်းရှိ မြို့နယ်၊ ၃ မြို့နယ်သို့ လက်ဝယ်ရောက်ရှိအောင် ပေးပို့လှူဒါန်းပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုကပ်ရောဂါကြီးသည် ရောဂါပိုး ကူးစက်ပြန့်ပွား ယုံတင်မဟုတ်ဘဲ လူမှုစီးပွားရေးကိုပါ ယိုယွင်းပျက်ဆီးလာသည့် အခြေအနေတွင် တပ်မတော်မှ မိမိတို့ ဒေသတွင်းရှိ ရာသီသီးနှံများကို ဒေသခံတိုင်းရင်းသားပြည်သူများ အခက်အခဲမဖြစ်ရလေအောင် ဝယ်ယူပေးပြီး အခြားသောဒေသများသို့ ဖြန့်ဝေပေးသည့်အတွက် တောင်သူများကိုလည်း အဆင်ပြေ စေခဲ့ပြီး ရာသီသီးနှံရှားပါးသည့်ဒေသများအတွက်လည်း များစွာအကျိုးရှိပါကြောင်း၊ ယခုကဲ့သို့ COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများကို လာရောက်လှူဒါန်း ပေးသည့်အတွက် အထူးပင်ကျေးဇူး တင်ရှိပါကြောင်းနှင့် ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကြီးအပြင် အခြားအန္တရာယ်များ ကျရောက်လာပါက မိမိတို့အနေဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။   

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ယခုကဲ့သို့ COVID-19 ရောဂါကြို တင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ပစ္စည်းများကို လာရောက်လှူဒါန်းပေးသည့် အတွက် အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ မိမိတို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ပင်းတယ၊ ရွာငံ၊ မြို့နယ်  ၂ မြို့နယ်၊ ကျေးရွာအုပ်စု ၅ စုနှင့် ကျေးရွာပေါင်း ၂၆၂ ရွာ၊ လူဦးရေ ၁၆၀၀၀၀ ကျော်မှီ တင်းနေထိုင်ကြပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှ ဓနုတိုင်းရင်းသားများ၊ တောင်ရိုး တိုင်းရင်းသားများ၊ ပလောင်တိုင်းရင်းသားများနှင့် အခြားအခြားသော တိုင်းရင်းသားလူမျိုး များသည် အေးအတူပူအမျှ အတူတကွစုပေါင်းနေထိုင်ကြကြောင်း၊ ယခုလာရောက်လှူဒါန်းသည့် အထောက် အကူပြုဆေးပစ္စည်းများအားလည်း  အလေအလွင့်မရှိစေရေးအတွက် မိမိတို့ ဒေသဦးစီးအဖွဲ့မှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် နိုင်ငံတော်အပေါ်ကျရောက်လာမည့် မည်သည့်အန္တရာယ်မျိုးကိုမဆို မြန်မာ့တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် စေတနာ၊ မေတ္တာအပြည့်ဖြင့် လှူဒါန်းပေးသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အား ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြော ကြားသည်။   

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်က ယခုကဲ့သို့ ပလောင်ဒေသသို့ COVID-19  ရောဂါ အထောက်အကူပြုဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း သည့်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း ပလောင်ဒေသသို့ မကြာခဏ ထောက်ပံ့ ပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ ဒေသ၏ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များကိုလည်း ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြောကြား သည်။   

ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)က လှူဒါန်းမှုအနေဖြင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားများအတွက် Surgical  Mask  ၂၀၀၀၀ ခု၊N95 Mask၇၀၀ ခု၊ Face Shield  ၅၀၀ ခု၊Sodium Hypochloride 15L ၇ ပုံး၊ Personal Protective Equipment (PPE)  ဝတ်စုံ ၃၀၀ စုံ၊ Examination Glove ၁၀၀၀ ခု၊Hand Gel  ၂၀၀ ဘူး၊ Hand Sanitizer  ၂၀၀ ဘူးကိုလည်းကောင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုချင်းအလိုက် တိုင်းရင်းသား များအတွက်Surgical  Mask ၁၀၀၀၀ ခု၊ N95 Mask  ၅၀၀ ခု၊Face Shield  ၂၅၀ ခု၊Sodium Hypochloride 15L ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀ စုံ၊ Examination Glove  ၁၀၀၀ ခု၊Hand Gel  ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးကိုလည်းကောင်း ပေးအပ်လှူ ဒါန်းကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင် စားသောက်ဖွယ်ရာများကို ပေးအပ်ကြသည်။  

ထို့ပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များသည် ကျောက် တစ်လုံးကြီးမြို့၊ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ နာယက ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင် စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 76 times Last modified on Tuesday, 26 May 2020 23:51