SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

Wednesday, 27 May 2020 21:42 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၇   

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သွားလာ မှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသ ကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံးရေများ သွားရောက် လှူဒါန်းလျက်ရှိသည်။  

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စက်ကုန်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ နှင့် ပုဗ္ဗသီရိမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀ ကို လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်း ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ နှင့် သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀၀ ဘူး၊ ဆင်မီးကျေးရွာနှင့် ထနောင်းကန်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၅၀ ဘူး၊ သာစည်မြို့နယ်၊ တောကင်းကြီးကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀၀ ဘူး၊ မြို့သစ်မြို့နယ်၊ မြင်းစုကျေးရွာသို့ သောက်သုံးရေ ဂါလန် ၅၈၀၀ ၊ မတ်လုံ စမ်းတဲတိုက် ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၄၂၀၀ ၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်ကျေးရွာသို့ သောက်ရေ ဂါလန် ၂၄၀၀ ၊ ကျောက်ပယ်ကျေးရွာသို့ သောက်သုံးရေ ၁၃၉၇ ဂါလန်၊ ရေနံချောင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၃၉၀၀ ၊ ညောင်ဦးမြိုနယ်၊ ထန်းပေါက်တော ကျေးရွာသို့ သောက်သုံးရေ ၁၆၄၀ ဂါလန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ စိုင်ကျကျေးရွာ သို့ သောက်သုံးရေ ဂါလန် ၁၄၅၀ ကိုလည်းကောင်းအသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Read 41 times Last modified on Wednesday, 27 May 2020 21:48