SJ WorldNews - шаблон joomla Авто

ကျောက်ပန်းတောင်းမြို့နယ်၊ အောင်ချမ်းသာကြီးကျေးရွာရှိ စစ်မှုထမ်းဟောင်းအိမ်ရာ၌ ၆ လက်မ စက်ရေတွင်း တူးဖော်ဆောင်ရွက်နေမှုအား ကြည့်ရှု

Wednesday, 27 May 2020 21:48 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၂၇  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အောင်ချမ်းသာကြီးကျေးရွာရှိ စစ်မှုထမ်း ဟောင်းအိမ်ရာနေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ သောက်သုံးရေ ရရှိရန် ကမ္ဘောဇ အလင်းတန်းဖောင်ဒေးရှင်းမှ တူးဖော်ပြီးစီးခဲ့သည့် ၆ လက်မစက်ရေတွင်း အား မေ ၂၆ ရက် နံနက်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုသည်။   

အဆိုပါ စက်ရေတွင်း၏ လက်ရှိရေထွက်နှုန်းမှာ တစ်နာရီလျှင် ရေဂါလန် ၅၂၀၀ နှုန်းဖြစ်ပြီး သောက်သုံးရေအဆင့်သုံးနိုင်ရေးအတွက် ဆေးကြောသန့်စင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဂါလန် ၇၅၀၀ ဆံ့ ရေသိုလှောင်ကန်အား ဆက်လက် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 42 times Last modified on Wednesday, 27 May 2020 21:55