SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း အချိန်ကို အကျိုးရှိစေရေးအတွက် ၁၀ ယောက်စု နှုန်း စာဖတ်ဝိုင်းများဖြင့် ကျောင်းသင်ခန်းစာများ ပြန်လည်ဖတ်ရှုလေ့လာစေခြင်း၊ ယဉ်ကျေး လိမ္မာ၊ အင်္ဂလိပ် စာနှင့် ကွန်ပျူတာသင်ခန်းစာ သင်ကြားပေးခြင်းများဆောင်ရွက်

Wednesday, 27 May 2020 21:57 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၂၇

COVID-19  ရောဂါကြောင့် သွားလာမှုကန့်သတ်ချက်များရှိနေချိန် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်း မပြုနိုင်မီ တပ်တွင်းရှိ မှီခို ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အလဟသမဖြစ်စေဘဲ အကျိုးရှိစေရေးအတွက် ယခင်နှစ်သင်ကြားခဲ့သည့် အတန်းလိုက် သင်ခန်း စာများကို ပြန်လည်ဖတ်ရှုလေ့လာနိုင်ရန်  ၁၀ ယောက်စုနှုန်းဖြင့် စာဖတ်ဝိုင်းများ စီစဉ်ပေးခြင်း၊ လောက နီတိ အခြေခံဖြစ်သော ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေးလိမ္မာသင်ခန်းစာများ သင်ကြားပေးခြင်းတို့ကို တိုင်းစစ်ဌာနချုပ်များ အလိုက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။  

ထိုသို့ဆောင်ရွက်လျက်ရှိရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၃၆၈၅ ဦးကိုလည်းကောင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက် တပ်နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၅၂၁၀ ဦးကိုလည်းကောင်း ယဉ်ကျေးလိမ္မာ သင်ခန်းစာ၊ အခြေခံအင်္ဂလိပ် စာနှင့် ကွန်ပျူတာ အခြေခံသင်ခန်းစာများနှင့် ယခင်နှစ်သင်ကြားခဲ့သည့် အတန်းလိုက် သင်ခန်းစာများ ပြန်လည်ဖတ်ရှုလေ့လာနိုင်ရန် စာဖတ်ဝိုင်းများဖြင့် သင်ကြားလေ့ကျင့် ပေးသည်။

ယင်းသို့သင်ကြားပို့ချပေးရာတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးနှုန်းလျှင် ၁ စုနှုန်းဖြင့် စုဖွဲ့၍ တပ်တွင်း ရှိ အရာရှိ၊ စစ်သည်၊ ဇနီးများဖြင့်လည်းကောင်း၊ မဟာဘွဲ့ရ အရာရှိများဖြင့် လည်းကောင်း၊ သံဃာတော် များ၊ ဆရာ၊ ဆရာမများက Online  စနစ်ဖြင့်  လည်းကောင်း သင်ကြားပို့ချပေးလျက်ရှိရာ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။

 

Read 41 times Last modified on Wednesday, 27 May 2020 22:00