SJ WorldNews - шаблон joomla Авто

ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာရှိ သုံးရေကန်တာဘောင်မြေပြိုကျမှုအား ပြန်လည်ပြုပြင် ဆောင်ရွက်

Wednesday, 27 May 2020 21:57 font size decrease font size decrease font size increase font size increase font size

ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာရှိ သုံးရေကန်တာဘောင်မြေပြိုကျမှုအား ပြန်လည်ပြုပြင် ဆောင်ရွက်

နေပြည်တော်၊ မေ- ၂၇   

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာ အနောက်ပိုင်းရပ်ကွက်၊ ရွှေကျင်နိကာယ အနောက်ကျောင်းတိုက်၏ အရှေ့ရှိ သုံးရေကန် ရေကန်တာဘောင်သည် မေ ၂၆ ရက် ညနေပိုင်းတွင် အလျား ၄၀ ပေ၊ အနံ ၈ ပေ၊ အနက် ၁၅ ပေခန့် မြေပြိုကျမှု များ ဖြစ်ပွားခဲ့သည်။   

အဆိုပါ မြေပြိုကျမှုဖြစ်ပွားရာနေရာသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ သဲအိတ် ၁၆၀၀ ဖြင့် သဲဖို့ခြင်းလုပ်ငန်းများနှင့် ပြန်လည် ပြုပြင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 45 times