SJ WorldNews - шаблон joomla Авто

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် အခြေခံ ပညာစာသင်ကျောင်းများ၌ သန့်ရှင်းရေးပြုလုပ်

Wednesday, 27 May 2020 22:04 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၂၇  

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်း ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။  

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ တနိုင်းမြို့၊ ပူတာအိုမြို့နှင့် မိုးမိတ်မြို့များရှိ အခြေခံပညာကျောင်းတို့၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ အခြေခံပညာ အထက် တန်းကျောင်း၌ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ အင်းတိုင်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သန်လျင် မြို့နယ်နှင့် ဒလမြို့နယ်တို့ရှိ အခြေခံပညာကျောင်းတို့၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မ တော်သားများကလည်းကောင်း၊ ဧရာတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၇)အခြေခံ ပညာအထက် တန်းကျောင်း၌ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များကလည်းကောင်း အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 41 times Last modified on Wednesday, 27 May 2020 22:06