SJ WorldNews - шаблон joomla Авто

တပ်မတော်အနေဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားများနှင့်ကောင်းခါး တိုက်နယ်ပြည်သူ့ဆေးရုံတို့အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက် အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

Thursday, 28 May 2020 21:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မေ- ၂၈

တပ်မတော်အနေဖြင့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက် ကျန်းမာရေးဌာနများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ တိုင်းရင်းသားများသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိပြီး ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည်။


    
ယနေ့တွင်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားများ အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူဖြစ်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုဆေးပစ္စည်းများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး နှင့်တာဝန်ရှိသူများက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ဒေသဦးစီးရုံး၌ သွားရောက်ပေးအပ်လှူဒါန်းရာ ဒေသဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် အဖွဲ့ဝင်များက လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြသည်။


    
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် Surgical  Mask ၁၀၀၀၀ ခု၊ N95 Mask  ၅၀၀ ခု၊   Face Shield ၂၅၀ ခု၊ Sodium Hypochloride (15L)  ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀ စုံ၊ Examination Glove  ၁၀၀၀ ခု၊ Hand Gel  ၁၅၀ ဘူးနှင့် Hand Sanitizer  ၁၅၀ ဘူးတို့ကို ပေးအပ်လှူဒါန်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာ လက်ဆောင်စားသောက်ဖွယ်ရာများကိုပေးအပ်ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီဥက္ကဋ္ဌ  ဦးကျောက်တယ်ချန်နှင့် ရပ်မိရပ်ဖများက လက်ခံရယူကြသည်။
    
ထို့နောက် ဦးကျောက်တယ်ချန် ကျေးဇူးတင်စကားပြောကြားရာတွင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများအနေဖြင့် COVID-19 ရောဂါဖြစ်ပွားလျက်ရှိသည့်ကာလအတွင်း နေရာဒေသမရွေး ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးပစ္စည်းများလှူဒါန်းခြင်းနှင့် အခြား သောလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပြီး မိမိတို့ဒေသသို့လည်း အချိန်ပေး၍လာရောက် လှူဒါန်းပေးသည့်အတွက် ဒေသခံများကိုယ်စား များစွာကျေးဇူးတင် ရှိပါကြောင်း၊ ယခုကဲ့သို့ အခက်အခဲကြုံတွေ့သည့်အချိန်တိုင်းတွင် လာရောက်ကူညီဆောင်ရွက် ပေးခဲ့သည့်အတွက် မိမိတို့ ဒေသခံတိုင်းရင်းသားများအနေဖြင့် အမြဲတမ်းအမှတ်တရရှိနေ မည်ဖြစ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို လှူဒါန်းပေးသည့်အထောက်အကူပြုပစ္စည်းများကို ဒေသတွင်းအမှန်တကယ် လိုအပ်သည့်နေရာများတွင် စနစ်တကျဖြန့်ဝေအသုံးပြုသွားမည်ဖြစ် ကြောင်းဖြင့် ပြောကြားခဲ့သည်။
    
အလားတူ ကောင်းခါးတိုက်နယ်ပြည်သူ့ဆေးရုံသို့လည်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့်  ခွဲစိတ်ခန်းသုံးနှာခေါင်း စည်း  Surgical Mask   ၁၀၀၀၀ ခု၊ N95 Mask  ၅၀၀ ခု၊  Face Shield  ၂၅၀ ခု၊ Sodium Hypochloride (15L) ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀ စုံ၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးတို့ကို  တိုင်းမှူးနှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ပေးအပ်လှူဒါန်းရာ ကွတ်ခိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read 40 times Last modified on Thursday, 28 May 2020 21:29