SJ WorldNews - шаблон joomla Авто

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် အထောက်အကူပြုပစ္စည်းများ ထပ်မံပို့ဆောင်

Thursday, 28 May 2020 21:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မေ - ၂၈

တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီး ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်လျက် ရှိရာ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများအတွက် တပ်မတော်မှလှူဒါန်းသော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုသည့် အထောက်အကူပြုပစ္စည်းများကို တပ်မတော်လေယာဉ်၊ မော်တော်ယာဉ်များဖြင့် တိုင်းစစ်ဌာနချုပ်များသို့ ယနေ့တွင် ထပ်မံ ပို့ဆောင်ပေးသည်။



ယနေ့ပို့ဆောင်ပေးရာတွင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Surgical Mask ၅၀၀၀၀၀ ခု၊ OT Gown ၁၀၀၀၀၀ ခု၊ Portable X-Ray Machine(China) ၇ လုံး၊ Digital BP Cuff ၂၁၀ ခုနှင့်နားကြပ် ၂၁၀ ခုတို့ ပါဝင်ကြသည်။



ထိုသို့ပို့ဆောင်ပေးခြင်းတွင် ယခုအကြိမ်သည် ပဉ္စမအကြိမ်ပို့ဆောင်ပေးခြင်းဖြစ်ပြီး ဧပြီ ၁၆ရက်တွင် ပထမအကြိမ်၊ ဧပြီ ၂၃ ရက်တွင် ဒုတိယအကြိမ်၊ မေလ ၂ ရက်တွင် တတိယအကြိမ်နှင့် မေ ၂၀ ရက်တွင် စတုတ္ထအကြိမ်ပေးပို့ခဲ့ရာ မြို့နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့လည်း တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖြန့်ဝေလှူဒါန်းပြီးဖြစ်သည်။ ယနေ့ပေးပို့သည့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုလည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိ သူများက လက်ခံရယူကြပြီး တာဝန်ရှိသူများမှတစ်ဆင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်သည်။



အလားတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားများအတွက် ခွဲစိတ် ခန်းသုံးနှာခေါင်းစည်း Surgical Mask ၁၀၀၀၀ ခု၊ N95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride 15L ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀ စုံ၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးတို့ကိုလည်းကောင်း၊ ကောင်းခါးဆေးရုံအတွက်ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Surgical Mask ၁၀၀၀၀ ခု၊ N95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride 15L ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀ စုံ၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးတို့ကိုလည်းကောင်း၊ မန်တုံဆေးရုံသို့ Surgical Mask ၃၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀ စုံ၊ အသက်ရှုစက် Oxygen Concentrator ၁ လုံးတို့ကို လည်းကောင်း တပ်မတော်လေယာဉ်ဖြင့် အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 65 times Last modified on Sunday, 31 May 2020 09:32