SJ WorldNews - шаблон joomla Авто

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် ရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့က COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

Thursday, 28 May 2020 22:11 font size decrease font size decrease font size increase font size increase font size

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် ရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့က COVID-19  ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ - ၂၈       

COVID-19 ရောဂကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်သားများ အတွက် အထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယပ်ပိုင်းတိုင်းစစ် ဌာနချုပ်ရှိ ရန်ကြီးအောင်ဧည့်ရိပ်သာခန်းမ ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။   

ထိုသို့လှူဒါန်းရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Chen Chen  နှင့် တာဝန်ရှိ သူများက COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Face Mask   ၂၀၀၀၀ ခုနှင့် N95 Mask  ၃၆၀၀ ခုကိုလည်းကောင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိ သူများက Face Shield  ၁၀၀၀ ခုကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရ ယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

Read 41 times