SJ WorldNews - шаблон joomla Авто

ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက် ကုသနေသော လူနာများအား ဖြည့်စွက်အာဟာရများ ပေးအပ်လှူဒါန်း

Friday, 29 May 2020 22:29 font size decrease font size decrease font size increase font size increase font size

ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက် ကုသနေသော လူနာများအား ဖြည့်စွက်အာဟာရများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ -  ၂၉

Coronavirus Disease 2019 (COVID-19)  ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို တပ်မတော်အနေဖြင့် အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်လျက် ရှိပြီး မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် အသုံးပြုနိုင်ရန် အတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။ ထို့ပြင် ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသ မှုခံယူလျက်ရှိသော ပြည်သူများ အာဟာရ ပြည့်ဝကာ ကျန်းမာစေရန်အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းလျက် ရှိသည်။   

ထိုသို့လှူဒါန်းရာတွင် မေ ၂၂ ရက်မှ ၂၈ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ပြည်သူ့ ဆေးရုံစုစုပေါင်း ၃၀၂ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့် ဆေးရုံတက် ရောက် ကုသလျက်ရှိသောလူနာ စုစုပေါင်းအင်အား  ၂၂၂၄၉ ဦးတို့ကို ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ်၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)နှင့် အခြားအာဟာရဖြည့်စား သောက်ဖွယ်ရာများ (စုစုပေါင်းငွေကျပ်သိန်း ၁၁၀ ကျော်တန်ဖိုး) ရှိ အာဟာရဖြည့် အစား အစာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 27 times