SJ WorldNews - шаблон joomla Авто

ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာ၌ သစ်ပင်စိုက်ရန် ဘောင်ဖော်ရာမှ လက်ပစ်ဗုံး ဟောင်း ၁ လုံးတွေ့ရှိ

Friday, 29 May 2020 22:57 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၂၉  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာရှိ ဦးသိန်းလွင် (ဘ)ဦးမျိုးသန့်၏ နေအိမ်ခြံဝန်းအတွင်း မေ ၂၈ ရက် နေ့လယ်ပိုင်းတွင် သစ်ပင်စိုက်ရန် ဘောင်ဖော်ရာမှ လက်ပစ်ဗုံး အဟောင်း ၁ လုံးအား တွေ့ရှိကြောင်း သတင်းပေးချက်အရ ညနေပိုင်းတွင် နယ်မြေခံအင်ဂျင်နီယာ တပ်မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လက်ပစ်ဗုံးအဟောင်း ၁ လုံး(သံချေးတက်၊ သုံးမရ)ကို တွေ့ရှိရသည်။   

အဆိုပါလက်ပစ်ဗုံးဟောင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 44 times Last modified on Friday, 29 May 2020 23:07