SJ WorldNews - шаблон joomla Авто

တောင်ကုတ်မြို့နယ်၊ဆားပြင်ကျေးရွာနေ(အထောက်အထားမဲ့ ဆေးကုသလုပ်ငန်း လုပ်ကိုင်နေသူ) အမျိုးသားတစ်ဦးအား AA အကြမ်းဖက် သောင်းကျန်းသူများက လာရောက် ဖမ်းဆီးခေါ်ဆောင်

Tuesday, 02 June 2020 13:58 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာနေ ဦးဝင်းလှိုင်(ဘ) ဦးမောင်ကြာဦးအား မေ ၃၁ ရက်ည ၈နာရီ မိနစ် ၄၀ ခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက အတင်းအဓမ္မ‌ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဦးဝင်းလှိုင်သည် ကျေးရွာအနီး ဝန်းကျင်၌ (အထောက်အထားမဲ့ဆေးကုသခြင်း လုပ်ငန်းလုပ်ကိုင်နေသူ )တစ်ဦး ဖြစ်ပြီး မေ ၃၁ ရက်တွင် နေအိမ်၌ ရှိနေစဉ် ည ၈နာရီ မိနစ် ၄၀ ခန့်တွင် ၎င်း၏ နေအိမ်သို့ AA အကြမ်းဖက်သောင်းကျန်းသူ ရှစ်ဦးခန့်က ဆိုင်ကယ် လေးစီး ဖြင့် ရောက်ရှိလာပြီး သေနတ် ကိုင်ထားသူ တစ်ဦးက သေနတ်အားကျည်ထိုး၍ ၎င်းတို့၏ ဗိုလ်ကြီး နေမကောင်းသဖြင့် လိုက်ခဲ့ရန် ပြောဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲများတွင် အထိနာပြီး ဒဏ်ရာရရှိသူ များပြားလာ၍ ဆေးကုသရန် လိုအပ်လာသဖြင့် ယခုကဲ့သို့ ဆေးကုသခြင်း လုပ်ငန်း လုပ်ကိုင်နေသူအား လာရောက်ဖမ်းဆီးခေါ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်း၏ ဇနီးဖြစ်သူမှ တောင်ကုတ်မြို့မ ရဲစခန်းသို့ လာရောက်  အမှုဖွင့် တိုင်ကြားခဲ့သဖြင့် လိုအပ်သည့် စုံစမ်း စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 33 times Last modified on Tuesday, 02 June 2020 13:59