SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ ရပ်ကွက်၊ကျေးရွာများ၌ သောက်သုံးရေကန် တူးဖော် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်

Tuesday, 02 June 2020 20:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန်- ၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်း မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများ၌ သောက်သုံးရေကန် တူးဖော်ပြင်ဆင်မွမ်းမံမှုများကို ဓမ္မဒူတဆရာတော် ဘဒ္ဒန္တအရှင်ဆေကိန္ဒ အား အမှူးထား၍ ဓမ္မဒူတမိသားစုနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့က ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၈ ရက်မှ ယနေ့အထိ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်ရှိ အမှတ်(၃)သောက်သုံးရေကန်နှင့် အမှတ်(၄)သောက်သုံးရေကန်အား လည်းကောင်း၊ ကမာ ကဆစ်ရပ်ကွက်နှင့် မှော်စက်ရပ်ကွက်တို့ရှိ သောက်သုံးရေကန်များအား လည်းကောင်း၊ သုံးခွမြို့နယ်၊ ပတုပ်ကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာ၊ သူကြီးပတုပ်ကျေးရွာ၊ ကျောင်းကုန်း ကျေးရွာနှင့် မုဒိတာကျေးရွာတို့ရှိ သောက်သုံးရေကန်များအားလည်းကောင်း၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာနှင့် ညောင်လန်းကျေးရွာတို့ရှိ သောက်သုံးရေကန်များအား လည်းကောင်း အသီးသီး ပြန်လည်တူးဖော်ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျန်ရှိနေသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ သောက်သုံးရေကန်များ ကိုလည်း ဆက်လက်ကူညီ တူးဖော်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 30 times Last modified on Tuesday, 02 June 2020 20:41