SJ WorldNews - шаблон joomla Авто

ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ တန်ဖိုးသင့် ထမင်းဟင်းများနှင့် တောင်သူများထံမှ ဝယ်ယူခဲ့သော ရာသီသီးနှံများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

Wednesday, 03 June 2020 23:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် -

COVID-19  ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူဖြစ်စေရန်အတွက်  ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော်သားများက စားသောက်ကုန် ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ဟင်းများနှင့် တောင်သူများထံမှ ဝယ်ယူခဲ့သော ရာသီသီးနှံများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

Read 33 times Last modified on Wednesday, 03 June 2020 23:46