SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ဝင် တစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

Thursday, 04 June 2020 00:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် -

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ မေ ၃၁ ရက် ညနေ နာရီခွဲခန့်တွင် AAအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ တပ်သား အဆင့်ရှိ  မောင်ကိုဇော်လင်း()ဦးသန်းထွန်းမောင် အသက် (၂၅) ရခိုင်၊ ဗုဒ္ဓဖြစ်သူသည်  လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့သည်။ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အနေဖြင့် စစ်ရေးအရ ရှုံးနိမ့်ကာ တပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးပြီး စိတ်ဓာတ်ကျဆင်း၍ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထံတွင် ဆက်လက်နေထိုင်လိုစိတ် မရှိခြင်းကြောင့် ယခုကဲ့သို့ အလင်းဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလက်နက်မဲ့ အလင်းဝင်ရောက်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ တပ်သားအဆင့်ရှိ မောင်ကိုဇော်လင်းကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက  သွားရောက်ခေါ်ယူ၍ လိုအပ်သည့် ကူညီဖြည့်ဆည်း မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

 

Read 40 times Last modified on Thursday, 04 June 2020 00:03