SJ WorldNews - шаблон joomla Авто

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြား နိုင်ရန် အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းရေးပြုလုပ်

Thursday, 04 June 2020 00:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် -

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေး ဖျန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် သန်လျင်မြို့နယ် တို့ရှိ အခြေခံပညာကျောင်းများ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မီးတိုင်တောကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲနှင့် ကရင်ကျကျေးရွာရှိ အခြေခံပညာ မူလတန်းလွန် ကျောင်းတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အသီးသီး ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

Read 34 times Last modified on Thursday, 04 June 2020 00:08