SJ WorldNews - шаблон joomla Авто

ပလက်ဝဒေသရှိ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများအတွက် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

Thursday, 04 June 2020 00:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန်-

 ချင်းပြည်နယ်၊ ပလက်ဝဒေသအား AA  အကြမ်းဖက် သောင်းကျန်းသူများက ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခြင်း၊ ပလက်ဝဒေသ၏ ဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သော ပလက်ဝ-မီဇိုရမ်ကားလမ်းနှင့် ပလက်ဝတံတားအား နှောင့်ယှက်ခြင်း၊ ပလက်ဝမြို့ လုံခြုံရေးအား ခြိမ်းခြောက်၍ အခြားအဖျက်အမှောင့် လုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းမှစတင် ဆောင်ရွက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်၍ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်ပေါ်နေသည့် ဒေသခံပြည်သူများအတွက် လမ်းကြောင်းဖွင့်လှစ်ခြင်းအား ဆောင်ရွက်ခဲ့ရာ ပလက်ဝ-ဆမီးလမ်းကြောင်း၊ ပလက်ဝ-ကျောက်တော် လမ်းကြောင်းတို့အား ဧပြီလအတွင်း ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုသို့ ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်လှစ်ခဲ့သော်လည်း AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့်  ပလက်ဝမြို့အနီးရှိ စိုးမိုးတောင်ကုန်းများ ဖြစ်သည့် ပွိုင့်-၆၀၂ ပွိုင့်-၅၆၅ နှင့် ပွိုင့်-၅၄၀ တောင်ကုန်းနေရာများ၌ အခိုင်အမာ နေရာယူလျက် ပလက်ဝဒေသအား နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ချင်းပြည်နယ်အစိုးရနှင့် အလှူရှင်များက ပလက်ဝဒေသခံများအတွက် ပေးပို့လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် WFP မှ လှူဒါန်းသည့် ထောက်ပံ့ရေး ရိက္ခာပစ္စည်းများကိုလည်း နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် ရယူသုံးစွဲနေခြင်းများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မဆုတ်မနစ် ကြိုးစားအားထုတ်ပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါ တောင်ကုန်းနေရာများကို မေ ၃၁ ရက်တွင် တပ်မတော်မှ သိမ်းပိုက်နိုင်ခဲ့သည်။

၎င်း ပွိုင့်-၆၀၂ ပွိုင့်-၅၆၅ နှင့် ပွိုင့်-၅၄၀ တောင်ကုန်းများအား စစ်ဆင်ရေး ပြုလုပ်နေစဉ်၌ပင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ဆေးပစ္စည်းများကို နယ်မြေခံတပ်သို့ ကြိုတင်ပို့ဆောင်ထားခဲ့ပြီး အဆိုပါ ပလက်ဝမြို့ နယ်မြေခံတပ်သို့ ရောက်ရှိနေသည့် Covid-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို  နယ်မြေခံတပ်မှ တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ပလက်ဝမြို့ရှိ ကီမိုခန်းမ၌ ပေးအပ်လှူဒါန်းရာ မြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူး ဦးအောင်လွန့်ဟာနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ထို့နောက် AA အကြမ်းဖက် သောင်းကျန်းသူများ၏မြို့အား အဆက်အသွယ် ဖြတ်တောက်ထားမှု၊ နှောင့်ယှက် ပစ်ခတ်မှုတို့ကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ပလက်ဝမြို့၊ ပြည်သူ့ဆေးရုံအတွက် Covid-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို အဆိုပါ ပြည်သူ့ဆေးရုံ၌ ထပ်မံပေးအပ် လှူဒါန်းရာ ဆေးရုံမှ ဒေါက်တာစိုးသက်ဝင်းနှင့် တာဝန်ရှိသူများက လက်ခံ ရယူကြသည်။ ထို့နောက် တာဝန်ရှိသူများက အဆိုပါဆေးရုံ၌ တက်ရောက် ဆေးကုသနေသူ များအား အဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း၊ ဆေးအဖွဲ့ များက ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ပလက်ဝမြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများအား ပိုးသတ်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယနေ့တွင် ပလက်ဝဒေသရှိ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှလှူဒါန်းသည့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများ အနေဖြင့် Surgical  Mask၂၀၀၀ ခု၊ Surgical  Gloves ၂၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၀ စုံနှင့် Goggles   ခု၊ Non-Contact Thermometer ခု၊Hand Sanitizer(500Ml)  ၂၀ ခု၊ Bleeching Powder  ဗူး၊ BP Cuff  ခု၊ ဆေးဖြန်းပုံး ပုံး၊ ဆေးဖြန်းဝတ်စုံ စုံ၊ အဝတ်နှာခေါင်းစည်း ၂၀၀၀ ခု ဖြစ်ကြောင်း သိရသည်။   

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း COVID-19  ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန်အတွက် မေ ရက်နေ့မှစ၍ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များနှင့် အထောက်အကူပြု ဆေးပစ္စည်းများ ပို့ဆောင်၍ ပလက်ဝမြို့၊ စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မန်အောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းစသည့် မြို့များရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာနတို့၌ COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ Covid-19  ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောက်ရွက်ခြင်း၊ ပညာပေးဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်း မေ ရက်မှ ယနေ့အထိ  ဆေးပစ္စည်းများ ပေးပို့လှူဒါန်းမှုအနေဖြင့်Surgical  Mask  ၄၅၀၀၀ ခု၊ Surgical  Gloves ၅၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀၀ စုံနှင့် Goggles  ၁၀၀ ခု၊ Non-Contact Thermometer ၁၀ ခုHand Sanitizer(500Ml) ၅၀၀ဗူး၊ Bleeching Powder  ၁၅ ဗူး၊ BP Cuff  ၁၀ခု ဆေးဖြန်းပုံး ၂၀ ပုံး၊ ဆေးဖြန်းဝတ်စုံ ၁၀၀ စုံ၊ အဝတ်နှာခေါင်းစည်း ၃၀၀၀၀ ခုတို့အား ပေးပို့ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

 

 

Read 31 times Last modified on Thursday, 04 June 2020 07:36