SJ WorldNews - шаблон joomla Авто

ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ အလှူရှင်များက ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

Thursday, 04 June 2020 00:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန်-

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ အလှူရှင် များက ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဆေးရုံမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ အလှူရှင်များက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဦးတင်မြင့်+ဒေါ်ရီမိသားစု(တင်မြင့်ရီကုမ္ပဏီ)က Oxygen Cylinder (4L) ၁၀ လုံး၊ Flow Meter ၁၀ လုံး၊ Oxygen Concentrator (5L)  လုံး၊ Computer လုံးနှင့် Printer Inject  လုံးနှင့် ကျိုင်းတုံမြို့ ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးလုကာ က Oxygen Concentrator (3L) လုံး၊ Oxygen Concentrator(5L)  လုံးတို့ကို ပေးအပ်လှူဒါန်းရာ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆေးရုံသုံးပစ္စည်း များအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် တိုင်းမှူးက အဆိုပါဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

Read 34 times Last modified on Thursday, 04 June 2020 00:29