SJ WorldNews - шаблон joomla Авто

မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှု အားပေး

Friday, 05 June 2020 22:28 font size decrease font size decrease font size increase font size increase font size

 

 

နေပြည်တော်၊ ဇွန် - ၅

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီး(ခုတင်- ၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)တို့၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါး ကုသ ပေးထားမှုများနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေ များကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တပ်မတော်ကိုယ်လက်အင်္ဂါပြန်လည် သန်စွမ်းရေး ဆေးရုံ(ခုတင်- ၃၀၀)နှင့် တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးတို့၌ COVID-19  ရောဂါနှင့်ပတ်သက်၍ သီးသန့်စောင့်ကြည့်ရမည်သူများ ထားရှိရန်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

Read 34 times Last modified on Friday, 05 June 2020 22:30