SJ WorldNews - шаблон joomla Авто

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းရေးပြုလုပ်

Friday, 05 June 2020 22:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၅

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ ရွာအင်း ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မြောင်ဦးကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲတို့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အသီးသီး ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေး၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 33 times Last modified on Friday, 05 June 2020 22:32