SJ WorldNews - шаблон joomla Авто

Covid-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

Saturday, 06 June 2020 23:07 font size decrease font size decrease font size increase font size increase font size
နေပြည်တော်၊ ဇွန် - ၆

တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့၊ နမ့်ခမ်းမြို့နှင့် ကွမ်းလုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ နမ့်လန်တိုက်နယ်ဆေးရုံ၊ မုံပေါ်နှင့် စယ်လန့်ကျေးလက် ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟဲဟိုးမြို့နှင့် ရပ်စောက်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်၊ နောင်ထော်၊ ပချားကလိုးနှင့် ဘန်းယဉ်တိုက်နယ်ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၊ ဖရူဆိုမြို့နယ်၊ ဟိုယာတိုက်နယ်ဆေးရုံနှင့် ဘောလခဲမြို့နယ်၊ ရွာသစ်ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ လွိုင်ယဲ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ လင်းခေးမြို့၊ နမ့်ဆိုင်းကျေးရွာနှင့် တိညုကျေးလက် ကျန်းမာရေး ဌာနခွဲတို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)နယ်မြေအတွင်းရှိ မြန်မာ-တရုတ် ချစ်ကြည်ရေးဆေးရုံနှင့် မိုင်းလားမြို့ ပြည်သူ့ဆေးရုံ၊ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးလက်ကျန်းမာရေးဌာန၊ မိုင်းကိုင်မြို့တိုက်နယ် ဆေးရုံနှင့် မိုင်းခတ်မြို့နယ်၊ မိုးညှင်းကျေးလက် ကျန်းမာရေးဌာန၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ မြို့နယ်၊ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ ပေပင်ချောင်၊ ရွာကုန်းကြီး၊ ရေရှင်၊ ညောင်ကိုင်းနှင့် ကုက္ကိုလ်ကုန်းတိုက်နယ် ဆေးရုံများ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့တို့ရှိ ပြည်သူ့ ဆေးရုံနှင့် လုံဘန်းတိုက်နယ်ဆေးရုံများ၌လည်းကောင်း၊  တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လှည်းဘူးကျေးရွာ ကျေးလက် ကျန်းမာရေးဌာန၊ ပိန်းဇလုပ်မြို့ တိုက်နယ်ဆေးရုံ၊ ပြည်မြို့အထွေထွေရောဂါကုဆေးရုံတို့၌ လည်းကောင်း တပ်မတော်ကလှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask  များ၊N95 Mask များ၊ Personal Protective Equipment (PPE)   ဝတ်စုံများ၊  ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊ Examination Glove  များ၊ မျက်မှန်(Goggles) များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer  များ၊OT  Cap များ၊ OT Gown  များ၊Digital B.P Cuff    များ၊Face Shield  များ၊ Hand Wash  များ၊Hand Sanitizer များ၊ ပိုးသတ်ဆေးပုံးများ၊Sodium Hypochloride များ၊Bleaching Powder များ၊ Frntanyl Citrate Inj   များ၊ Pehtidine Hydrochloride Inj  များ၊ Ephedrine Hydrochloride Inj များ၊Ketamine များ၊ Tramadolhydrochloride Injများ၊Diazepam Tab များ၊ Alprazolam Tab များ၊ ချွဲစုပ်စက်၊ နားကြပ်နှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်း ကြသည်။

 ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေး ဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။        

 

 

 

 

 

 

 

Read 45 times Last modified on Saturday, 06 June 2020 23:10