SJ WorldNews - шаблон joomla Авто

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

Monday, 29 June 2020 20:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၂၉

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေလွှာဦး)နှင့် ကရင်ပြည် နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ သံပုရာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက် ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ အဘိတ်ဆေး ခတ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

Read 24 times Last modified on Monday, 29 June 2020 20:46