SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

Monday, 29 June 2020 20:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၂၉

သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီး များအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၃၂၀၀ နှင့် အုတ်နှဲဘုတ်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၄၀ ဘူးတို့ကို သွားရောက်ဖြန့် ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Read 23 times Last modified on Monday, 29 June 2020 20:48