SJ WorldNews - шаблон joomla Авто

တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီသွား ကားလမ်း၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

Tuesday, 30 June 2020 21:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီသွား ကားလမ်း၌ ယနေ့နံနက် နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူ ဦးသည် ဒေသန္တရမိုင်း ထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီသွား ကားလမ်း၌ ယနေ့နံနက် နာရီခန့်တွင် မိုင်းပေါက်ကွဲသံ ကြားရသဖြင့် နံနက် နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ရာ အမျိုးသား ဦး လဲကျ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း နယ်မြေခံ တပ်ဌာနချုပ်သို့ ရဲတပ်ဖွဲ့ဝင်များကတဆင့် သတင်းပို့ခဲ့သဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ မိုင်းပေါက်ကွဲသည့် နေရာတွင် အမျိုးသား ဦး မှာ ဒေသန္တရ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ပတ်ဝန်းကျင် တစ်ဝိုက်အား  အသေးစိတ်စစ်ဆေးရာ ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် အချင်း လက်မ၊ အလျား လက်မခန့်ရှိ ကွန်ကြူပိုက် အပိုင်းအစများ သံတို/သံစများ၊ နိုင်ငံသားစိစစ်ရေးကတ်၊ လက်ကိုင်ဖုန်း လုံး နှင့် မော်တော်ဆိုင်ကယ် စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

AA  အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် အများပြည်သူ အသုံးပြု လျက်ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခုတွင်လည်း တောင်ကုတ်- မအီသွား ကားလမ်းတွင် ဒေသ တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် ရည်ရွယ်၍ ဒေသန္တရ လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နှင့် မိုင်းထောင်ပေါက်ကွဲစဉ် အသေ သိမ်းဆည်းရမိသော AA အကြမ်းဖက် သောင်းကျန်းသူ အလောင်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 10 times Last modified on Tuesday, 30 June 2020 21:15