SJ WorldNews - шаблон joomla Авто

အရာရှိ၊စစ်သည်များ၏ လစာငွေများ သွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက ်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်းကျန်းသူ အလောင်းတစ်လောင်း သိမ်းဆည်းရမိ

Tuesday, 30 June 2020 21:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊စစ်သည်များ၏ လစာငွေများ ထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ ထွက်ခွာလာ သော တပ်မတော်ယာဉ်တန်း တစ်ခုကို ယနေ့နံနက်ပိုင်းတွင် AA  အကြမ်းဖက် သောင်းကျန်း သူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများထုတ် ယူရန်အတွက် ယနေ့နံနက်ပိုင်းတွင် စစ်တောကျေးရွာမှ ကျောက်ဖြူမြို့သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် ထွက်ခွာ လာခဲ့ကြောင်း၊ ကပ်သပြေကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ စစ်တော-ကျောက်ဖြူ သွား ကားလမ်းပေါ် ရှိ သစ်သားတံတားအနီး အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး လိုက်ပါလာသည့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများမှာ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း တပ်မတော်သားများက စနစ်တကျ လုံခြုံရေး လိုက်ပါ ဆောင်ရွက်ခဲ့မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ထံမှ အလောင်းတစ်လောင်းကို မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ လည်းကောင်း၊ ဖြစ်စဉ် နေရာအနီးတစ်ဝိုက် မသင်္ကာဖွယ် အမျိုးသား ၁၀ ဦး ၊အမျိုးသမီး ဦး အား လည်းကောင်း ဖမ်းဆီးရမိပြီး မသင်္ကာဖွယ် ၁၂ ဦး အား လိုအပ်သည်များ ဆက်လက်စစ်ဆေးရန် ကျောက်ဖြူမြို့မ ရဲစခန်းသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုဖြစ်စဉ်သည် ကျောက်ဖြူမြို့နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးအတွက် တပ်မတော်သားများက နယ်မြေလုံခြုံရေးများ ဆောင်ရွက်လျက်ရှိစဉ် ဇွန်လ ၂၆ ရက် ညပိုင်းတွင် သိုင်းချောင်း-သစ်ပုတ်တောင်သွား ကားလမ်းပေါ်၌ ကပ်သပြေ ကျေးရွာတွင် နေထိုင်သော  AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ် သူ ဦးကို မသင်္ကာဖွယ်  အထောက်အထား များနှင့် အတူဖမ်းဆီး ရမိခဲ့ပြီး ကျောက်ဖြူ မြို့မရဲစခန်းတွင် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ဖြစ်စဉ် နှင့် ဆက်စပ်လျက်ရှိကြောင်းလည်း သတင်း ရရှိသည်။

 

Read 16 times Last modified on Tuesday, 30 June 2020 21:26