SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

Tuesday, 30 June 2020 22:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၃၀

သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်းရှိ ကျေးရွာများသို့ နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ သွားရောက် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကျေးရွာနှင့် သူဌေးကုန်းကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ (၄၀)ဘူးနှင့် ဝမ်းတွင်းမြို့နယ်၊ တမာကုန်းကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ဘူးနှင့် သုံးရေ ၁၂၀၀ ဂါလံတို့ကို သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 23 times Last modified on Tuesday, 30 June 2020 22:36