SJ WorldNews - шаблон joomla Авто

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

Tuesday, 30 June 2020 22:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၃၀

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့တွင် မွန်ပြည်နယ်၊ ရေးမြို့၊ အခြေခံပညာ မူလတန်းကျောင်း၊ နှင်းစုံကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကံလှကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်း ပေးခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 27 times Last modified on Tuesday, 30 June 2020 22:40