SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကူးစက် ပြန့်ပွားမှု အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက် ပေးနေမှုများ ဆွေးနွေး

Wednesday, 01 July 2020 12:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၃ဝ

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ နိုင်ငံ သံအမတ်ကြီး မစ္စစ် တူနယ်တီးနပ်စ်ကို ယနေ့နံနက် ၁ဝ နာရီတွင် Video Conferencing စနစ် ဖြင့် လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် COVID-19 ရောဂါကူးစက် ပြန့်ပွားမှုအန္တရာယ်မှ   ကာကွယ်နိုင်ရေးအတွက်  တပ်မတော်မှ ကူညီ ဆောင်ရွက် ပေးနေမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် အရေးနှင့် မြေမြှုပ်မိုင်း ရှင်းလင်း ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။

Read 26 times Last modified on Wednesday, 01 July 2020 12:06