SJ WorldNews - шаблон joomla Авто

ကေတု

ကမ္ဘာမြေတစ်ခြမ်းရဲ့   အလင်းရောင်အောက်မှာ ဘယ်လိုပေါင်းပေါင်း ၁၈ဝ ဒီဂရီရတဲ့ တြိဂံတွေ တည်ရှိနေပါတယ်။  ဂျီသြမေတြီကို  လူသားဆိုင်ရာ အကျိုးစီးပွားနဲ့ ရောယှက်လိုက်တဲ့ အခါမှာတော့ တြိဂံတွေက နှစ်သက်စရာ၊ ပုံပမာပြုစရာဖြစ်လာပါတယ်။

ရန်ကုန်    အောက်တိုဘာ   ၁၈

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို လာမည့်နှစ်မှ စ၍ ၁၁ မျိုးမြောက် ကာကွယ်ဆေးသစ်အဖြစ် တစ်နိုင်ငံလုံးတွင် အစီအစဉ်နှစ်ရပ်ဖြင့် တစ်ပြိုင်တည်း ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းထံမှ သိရသည်။

နေပြည်တော် အောက်တိုဘာ ၁၈

၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ယနေ့နံနက် ၇ နာရီခွဲတွင်   နေပြည်တော်ရှိ   ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ကျင်းပရာ    မွန်ပြည်နယ် အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

နေပြည်တော် အောက်တိုဘာ ၁၈

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ဂျူဒိုပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည့်ဇာနည် ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း တက်ရောက်သည်။

နေပြည်တော်    အောက်တိုဘာ    ၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနသည် နိုင်ငံတစ်ဝန်းရှိ  အားကစားကွင်း/ရုံတို့၌ပြည်သူများ အခမဲ့ဝင်ရောက်၍ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရန် ဆောင်ရွက် လျက်ရှိသည်။

ရန်ကုန်  အောက်တိုဘာ  ၁၈

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တွံတေးမြို့နယ်ကို  နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်နိုင်မည့် ခရီးသွားနယ်မြေတစ်ခုဖြစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော လက်နက်ကိုင်ဆောင်ရေး မူအရ လေသေနတ်၊ လုပ်သေနတ်အပါအဝင် လက်နက်အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုသဖြင့် လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ရရှိရန် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ပြည်ထဲရေး ဝန်ကြီးဌာန (လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ် စိစစ်ရေးအဖွဲ့)သို့ တင်ပြလျှောက် ထားမှုအပေါ် စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိသည်။

ရန်ကုန်   အောက်တိုဘာ   ၁၈

ရန်ကုန်မြို့ရှိ   သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးအား နိုဝင်ဘာလမှစ၍  လုံးတော်ပြည့်   ရွှေသင်္ကန်းကပ်လှူပူဇော် မည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

ရန်ကုန်   အောက်တိုဘာ   ၁၈

ယခုဘဏ္ဍာနှစ်အတွင်း   ရန်ကုန်တိုင်း ဒေသကြီး၌ လိုအပ်နေသော အိမ်ရာအခန်းများအတွက်  နိုင်ငံတော်မှ  အငှားအိမ်ရာ အခန်းပေါင်း ၅ဝဝ ခန့် ဖော်ဆောင်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (ရန်ကုန်)  ညွှန်ကြားရေးမှူး ဦးယုခိုင်ထံမှ သိရသည်။

ရန်ကုန်   အောက်တိုဘာ   ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ရေဆိုးစွန့်ပစ်နေသော စက်ရုံပေါင်း ၁၈၈ ရုံအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ရုံ ၂ဝ ခန့်သာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဦးစောဝင်းမောင်ထံမှ သိရသည်။

Page 2107 of 2235