SJ WorldNews - шаблон joomla Авто

ကေတု

မော်စကို  အောက်တိုဘာ  ၁၄

၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း နိုင်ငံ၏ လွှတ်တော်အပေါ်ပြုလုပ်သည့် ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်တွင် ကြိုးကိုင်သူမှာ ရုရှားမဟုတ်ဘဲ အီရန်ဖြစ်သည်ဟု ဗြိတိန်ထောက်လှမ်းရေး တာဝန်ရှိသူများက ပြောကြောင်း သတင်းအရင်းအမြစ်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာန တစ်ခုက အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

မော်စကို   အောက်တိုဘာ   ၁၄

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျွန်ကယ်ရီသည် သမ္မတ ထရမ့်၏ တာဝန်မဲ့သော လုပ်ရပ်အတွက် အောက်တိုဘာ ၁၃ ရက်တွင် ပြစ်တင်ရှုတ်ချပြီး အီရန်နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်ပါက ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပေါ်လာမည်ဟု သတိပေးလိုက်ကြောင်း သိရသည်။

ဂျီနီဗာ  အောက်တိုဘာ  ၁၄

ရုတ်တရက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူ ၁၄ သန်းနီးပါးမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားလျက်ရှိကြောင်းနှင့် သဘာဝဘေး အန္တရာယ်များ အတွက် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ပါက အိုးမဲ့အိမ်မဲ့ အရေအတွက်မှာ ပိုမိုတိုးမြင့်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သက်သာ ချောင်ချိရေး အေဂျင်စီက အောက်တိုဘာ ၁၃ ရက်တွင် သတိပေးထားသည်။

နိုင်ရိုဘီ  အောက်တိုဘာ  ၁၄

ကင်ညာနယ်စပ်ဒေသရှိ စာသင်ကျောင်းတစ်ကျောင်း၌ အောက်တိုဘာ ၁၄ ရက် အစောပိုင်းတွင် အိမ်နီးချင်း တောင်ဆူဒန်နိုင်ငံမှ လူတစ်စုက စီးနင်းတိုက်ခိုက်ရာ လူ ခုနစ်ဦး သေဆုံးသွားကြောင်း  ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မိုဇိုဂို  အောက်တိုဘာ  ၁၄

ကင်မရွန်းနိုင်ငံမြောက်ပိုင်းတွင် ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ၎င်းတို့ဘက်မှ ပါဝင်တိုက်ခိုက်ရန် အတင်းအဓမ္မ စေခိုင်းခံရသည့် စစ်သွေးကြွအဖွဲ့ဝင် ၆ဝ နီးပါးသည် လုံခြုံရေးတပ်ဖွဲ့များထံ လက်နက်ချကြောင်း ကင်မရွန်းအာဏာပိုင်များက ထုတ်ပြန်သည်။

ရန်ကုန်  အောက်တိုဘာ  ၁၄

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့် အားကစား နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် အားကစားနည်း ၁၃ နည်းအတွက် အားကစားပစ္စည်းများ တရားဝင်လွှဲပြောင်းမှုကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ဧည့်ခန်းမ၌ကျင်းပသည်။

နေပြည်တော်  အောက်တိုဘာ  ၁၄

မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်၂၅ နှစ်အောက် အမျိုးသားခရစ်ကက်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေး ဘောလုံးကွင်းအမှတ်(၄)၌ ကျင်းပသည်။

ရန်ကုန်  အောက်တိုဘာ  ၁၄

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက်

ဘားအံ  အောက်တိုဘာ  ၁၄

ကရင်ပြည်နယ်၌ စာမတတ်သူ ပပျောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်  ၈ နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

မန္တလေး  အောက်တိုဘာ  ၁၄

မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)၏ ဒုတိယအကြိမ် နိုင်ငံတကာမွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်သည်။

Page 2112 of 2232