SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105
JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

နေပြည်တော် စက်တင်ဘာ ၂၄

၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ တပ်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်တင်စိုး တက်ရောက် အမှာစကား ပြောကြားသည်။

နေပြည်တော် စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒီလ်ပါရာကျေးရွာ၌ ယခင်မီးလောင်ပြင်တွင် ကျန်ရှိ နေ သည့် လူမနေသော နေအိမ်ငါးလုံးယမန်နေ့နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။

နေပြည်တော် စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့အနီးရှိ ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေ သော တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည်

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များ ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့တွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များက ကျန်းမာေ ရး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

နေပြည်တော် စက်တင်ဘာ ၂၃

တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံမြို့နယ် အတွင်းရှိ ပန်းတင်အင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား စက်တင်ဘာ ၂၂ ရက်တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်မတော်သားများက ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော် စက်တင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ထမ္မကောက်ကျေးရွာ အုပ်စုအတွင်းရှိ တီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ကျေးလက် ကျန်းမာရေး ဌာန၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော် စက်တင်ဘာ ၂၃

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ မြနန်းစံကျော် ရွှေနန်းတော် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင်

နေပြည်တော် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာကျေးရွာရှိ အောင်ဇေယျာမင်း ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး မူလတန်း(လွန်)ကျောင်းနှင့် ပညာဒီပံ အခမဲ့ကိုယ်ပိုင် အထက်တန်းကျောင်းတို့မှ သံဃာတော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အလယ်ရွာ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား အဆိုပါ ကျောင်း၌လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂/က) စံပြရပ်ကွက်၊ စက္ကဝဠာ ကျောင်းတိုက်မှ သံဃာတော်များနှင့် အဆိုပါ ရပ်ကွက်မှ ဒေသခံ ပြည်သူများအား ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌လည်းကောင်း ယနေ့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော် စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့တွင် တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

Page 494 of 527