SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107


နေပြည်တော် အောက်တိုဘာ ၁၃

ပျက်ကျ Y-8လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ် အစိတ်အပိုင်းများအား ထပ်မံရှာဖွေ တွေ့ရှိရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိသည်။

ပုသိမ် အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက် အောင်သုခလမ်းမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ရုံး၌ ယမန်နေ့ နံနက် ၁၁ နာရီက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ဗဟိုဌာနချုပ်/တိုင်းဒေသကြီး/မြို့နယ်တို့မှ ပညာသင် ထောက်ပံ့ငွေ   ပေးအပ်ပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။

နေပြည်တော် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၏ ဒသမ အကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ခိုလမ်မြို့ရှိ ကော်မတီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

နေပြည်တော် အောက်တိုဘာ ၁၃

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍

နေပြည်တော် အောက်တိုဘာ ၁၃

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်း အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် တက်ရောက် အမှာစကား ပြောကြားသည်။

နေပြည်တော် အောက်တိုဘာ ၁၃

၂ဝ၁၇-၂ဝ၁၈ ခုနှစ်၊ (၂၆)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒို ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊  အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော် တက်ရောက် အမှာစကား ပြောကြားသည်။

နေပြည်တော် အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခန့်တွင်

နေပြည်တော် အောက်တိုဘာ ၁၃

မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ် အတွင်းရှိ ပိန်းပြစ်လီဆူ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာ ဘုရားကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးရွာရှိ ပုညကာရီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ပရိတ်ကြီး (၁၁)သုတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရတနာသီရိ ခန်းမ၌ ပြုလုပ်ရာ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်းကျောင်းတိုက်မှ သံဃာတော်များ ကြွရောက်တော်မူကြသည်။

Page 563 of 602