SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ လေ့ကျင့်ရေး သင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မြစ်ကြီးနားတပ်နယ် (ဂ) အသင်းနှင့် (င) အသင်း တို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင် အမ်းတပ်နယ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ် သည့် အမ်းတပ်နယ်(က)အသင်းနှင့် တိုင်းစစ် ဌာနချုပ်၊ စခန်းရုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရွှေဈေးကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်း တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာစာသင်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

Page 566 of 602