SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား စီးပွားရေး အမြတ်အစွန်းအရ မဟုတ်ဘဲ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားရေးကို တိုက်ရိုက် အထောက်အကူ ဖြစ်စေရန်နှင့် သက်သာချောင်ချိရေးအတွက် ရည်မှန်း ချက်ထား၍ ဆောင်ရွက်လျက်ရှိသည်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် တက်ရောက် သင်ကြားလျက်ရှိသည့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော် သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ် ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်သည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို အောက်တိုဘာ ၁ဝ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် တက်ရောက် အမှာစကား ပြောကြားသည်။

အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများနှင့် ပတ်သက်၍ ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းကို နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံကြီး (ခုတင်-၁ဝဝဝ)၌ အစာအိမ် အူလမ်းကြောင်းနှင့် အသည်းခွဲစိတ် ဌာနမှ ပါမောက္ခ ဗိုလ်မှူးကြီး ဒေါ်သန်း သန်းရီ ဦးဆောင်သော ခွဲစိတ်ကုသမှု အဖွဲ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ University Tunku Abdul Rahman(UTAR) တက္ကသိုလ်မှ ပါမောက္ခ Kin Rah Chin နှင့်ပူးပေါင်း၍ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များ ကြောင့်နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့တွင် တပ်မတော် နယ်လှည့်ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ နောင်ဝိုးကျေးရွာ အုပ်စုအတွင်းရှိ ညဥ့်စဉ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ညဥ့်စဉ်ေ ကျးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ တောင်ကျကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ၌ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

Page 567 of 605