SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လက်တွေ့ အသုံးချ ဆေးနည်းတိုများ (၄)

Wednesday, 23 August 2017 10:13 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ဆရာရှင့် အသက်ခြောက်နှစ်အရွယ် ကလေးက ညတိုင်း သွားကြိတ်ကြိတ်နေတာ ဘယ်လိုလုပ်ရမလဲရှင့်။

ဖြေ။ ကလေးခြေဖဝါးကို ဆားပွတ်ပေးပါ။ ညအိပ်ရာဝင် ဒူးကနေအောက် ရေလောင်း ခြေဆေးပေးပါ။ လေပွစာတွေ မစားပါစေနဲ့။ ငှက်ပျောသီးဖီးကြမ်း မီးဖုတ်ပြီး နှစ်လုံးနေ့စဉ်ကျွေးပါ။ သွားကြိတ် သက်သာလာပါလိမ့်မယ်။

မေး။ အသက်တစ်နှစ်သားအရွယ် ကလေးမျက်ဝတ်ထွက်ပြီး တစ်ခါတစ်ရံ မျက်ရည်ထွက်ပါတယ်။ ဘယ်လိုလုပ်ရပါ မလဲ။

ဖြေ။ ဆားကို ရေနွေးနဲ့ဖျော် အဝတ်နဲ့တို့ယူ၊ ခပ်နွေးနွေးဆားရည်ပါတဲ့ ရေစိုအဝတ်နဲ့ မျက်ဝတ်တွေကိုပွတ်ပေးပါ။ ညအိပ်ရာဝင်ချိန် ကလေးခြေဖဝါးကို ဆားပွတ်၊ ရေဖတ်တိုက်ပေးပါ။ ခြေဖဝါးအခိုးပိတ်လို့ မျက်ဝတ်ထွက်တာပါ။ ကလေးခြေထောက်မှာ ခြေအိတ် အမြဲမဝတ်ပေးထားပါနဲ့။

မေး။ ကင်းမြီးကောက် အကိုက်ခံရရင် ဘယ်လိုလုပ်ရမလဲဆရာ။

ဖြေ။  ကင်းမြီးကောက်က အမြီးမှာပါတဲ့ အဆိပ်ဆူးနဲ့ထိုးတာပါ။ ချက်ချင်းကြက်သွန်နီ ဥကြီးတစ်လုံးကို ထောင်းပြီး အဆိပ်သင့်တဲ့ နေရာမှာအုံပြီး ပတ်တီးစည်းထားပေးပါ။ နာရီဝက်လောက်ကြာရင် ဖြေပေးပြီး အနာအပေါက်ဝမှာ သင်္ဘောသီးအညှာက အစေးတို့ပေးပါ။ ရောင်ရင် နလင်ကျော် အခေါက်သွေးလိမ်းပါ။ (ကြက်သွန်နီမှာ အဆိပ်တွေကို စုပ်ယူပြီး မည်းသွားတာကို လက်တွေ့တွေ့ဖူးပါတယ်။)

မေး။ ဆရာရှင့် သမီးက သားဦးကိုယ်ဝန် သုံးလလွယ်ထားရပါတယ်ရှင့်။ ဘာစားစား အစာမကြေရင်ပြည့်ပြီး လေအ ပေါ် ပြန်တက်နေပါတယ်။ လေပူ အထက်လှန်ပြီး ဝမ်းလည်းချုပ်ပါတယ်။

ဖြေ။ ကိုယ်ဝန်သုံးလအတွင်းမှာ ဖြစ်တတ်ပါတယ်။ နောက်လရင့်ရင်သက်သာသွားမှာပါ။ ဆားကို  နီရဲအောင်ဒယ်အိုးနဲ့ လှော်ပါ။ ဖန်ပုလင်းနဲ့ လေလုံအောင်သိမ်းထားပါ။ လေပူထပြီး အန်ချင်ရင် ဆားလှော်ကို သံပရာရည်နဲ့ ဖျော်ပြီးလျက် ပေးပါ။ ဝမ်းချုပ်ရင် ညအိပ်ရာဝင်ချိန်မှာ မန်ကျည်းဖျော်ရည် တစ် ဖန်ခွက်မှာ ဆားလှော်မန်ကျည်းစေ့လောက် ထည့် ဖျော်ပြီး သောက်ပေးပါ။ မန်ကျည်းမှည့်၊ ထန်းလျက်နဲ့ ဆားလှော်ရောတေပြီး ဆေးလုံးလေးတွေ ပြုလုပ်ထားပါ။ နေ့စဉ် မန်ကျည်းစေ့လောက်အရွယ် သုံးလုံးစားပေးရင်လည်း လေပူထသက်သာပြီး ဝမ်းမှန်စေပါတယ်။

မေး။ ဆရာကြီးခင်ဗျာ၊ ကျွန်တော့်လည်ပင်းမှာ ကျီးပေါင်းတက်နေပါတယ်။ ဓာတ်မှန်ရိုက် စစ်ကြည့်တော့ အဆစ် သုံးနဲ့ လေး၊ လေးနဲ့ငါး၊ ငါးနဲ့ခြောက်အဆစ်တွေမှာ ကျီးပေါင်းတက်နေတယ်လို့ ဆရာဝန်ကပြောပါတယ်။ ညာလက်ကျင်နေပါတယ်။ အာရုံကြောညပ်နေတယ်လို့ ပြောတယ်။ ဇက်ကိုလည်း ခဲဆွဲကုသနေပါတယ်။ ခေါင်းလည်း မူးပါတယ်။ မသက် သာသေးပါ။ မြန်မာဆေးနည်း သိလိုပါတယ်။

ဖြေ။ ခဲဆွဲကုသတာလည်း ကောင်းပါတယ်။ ရေရှည်လုပ်မှ အကျိုးထူးပါမယ်။ ဆေးနည်းတိုနဲ့ ကုသလိုရင် သင်္ဘောရွက်ကို ပျော့အောင် ရေနွေးစိမ်ပြီး ဇက်ကျီးပေါင်းနေရာမှာ ကပ်ပေးပါ။ နှစ်နာရီကြာအောင် ကပ်ပေးပါ။ ပြီးရင် မုန်ညင်း ဆီကို မီးအပူပေးပြီး ခပ်နွေးနွေး ဇက်နဲ့လက်ပြင်ကနေ လက်မောင်း တစ်လျှောက် လိမ်းပေးပါ။ ဆားကြပ်ထုပ်၊ သက် ရင်းကြီးကြပ်ထုပ်တွေလည်း ထိုးနိုင်တယ်။ ကျီးပေါင်းရောဂါကနေ ကာကွယ်ဖို့ မနက်မျက်နှာသစ်တိုင်း ရေအေးနဲ့ ဇက်ပိုးကို ရိုက်ပေးပါ။ ရှေးလူကြီးတွေ ဒီနည်းနဲ့ ဇက်ကျီးပေါင်း မဖြစ်ကြပါ။ ဒန့်သလွန်သီး၊ ရုံးပတီသီးများများစားပေးပါ။ ခေါင်းအုံးအမြင့် မအိပ်ပါနဲ့။ ကုလားထိုင်၊ တန်းလျားတွေမှာ ဇက်တင်အိပ်ရင် ကျီးပေါင်းတက်နိုင်ပါတယ်။

မေး။ ကျွန်တော့်သမီး ၁ဝ တန်းကျောင်းသူ နှုတ်ခမ်းကွဲလို့ စာကျက်ရတာ အဆင်မပြေပါ။ ဆေးနည်းလေး ညွှန်ပေးပါ ခင်ဗျား။

ဖြေ။  ကွမ်းသီးခြမ်းသွေးပြီး နှုတ်ခမ်းမှာလိမ်းပါ။ မာလကာရွက်ပြုတ်ပြီးငုံပေးပါ။ ဝမ်းချုပ်ရင် သင်္ဘောသီးမှည့်ကျွေးပါ။ အမြန်သက်သာနိုင်ပါတယ်။

မေး။ ကလေး အသက် ၁ဝ နှစ်အရွယ် မကြာခဏဖျားပါတယ်။ ဆေးတိုက်လို့ ကိုယ်ပူကျသွားပြီး တစ်ရက်၊ နှစ်ရက် ကြာရင် ပြန်ဖျားပါတယ်။ ချောင်းလည်း အလွန်ဆိုးပါတယ်။ သင့်လျော်မယ့် ဆေးနည်းပြောပြပါခင်ဗျာ။

ဖြေ။ ကွမ်းရွက်သုံးရွက်၊ ချင်းပါးပါး ခုနစ်လွှာ၊ ထန်းလျက် ခုနစ်ခဲကို ရေနွေးမတ်ခွက်တစ်လုံးနဲ့ကျို၊ ဆားလှော် အနည်း ငယ်ထည့်ပြီး ဖြည်းဖြည်းချင်း ကုန်အောင်တိုက်ပါ။ ချောင်းအလွန်ဆိုးရင် ဆားကို ကွမ်းရွက်ကန်တော့ ထိုးထုပ်ပြီး မီးဖုတ်ပါ။ အဲဒီဆား ကွမ်းရွက်မီးဖုတ်ပြာကို လျက်ပေးရင် ရက်ကြာေ ချာင်းဆိုး ရောဂါ ပျောက်ပါတယ်။

မေး။ ဆရာရှင့် အသက် ၅ဝ အရွယ် သွေးဆုံးတဲ့အချိန်မှာ ဝေဒနာတွေမခံစားရအောင် ဘယ်လိုဆေးမျိုး စားသင့်ပါသ လဲရှင့်။

ဖြေ။  သွေးဆုံးချိန်မှာ အကောင်းဆုံးက ရှားစောင်းလက်ပပ်ပင်ရဲ့ အနှစ်ကိုယူ၊ ဟင်းချိုချက်ပြီး နေ့စဉ်စားသုံးပါ။ အနှစ် ကို ပျားရည်နဲ့ ခေါက်စားရင်လည်း ရပါတယ်။ ဖျော်ရည်လုပ်ပြီးလည်း သောက်နိုင်ပါတယ်။

ဆေးဖော်စားလိုရင်-

မီးယပ်ချက်ဆေး

၁။ ရှားစောင်းလက်ပပ်အနှစ် ၂၅ ကျပ်သား

၂။ မန်ကျည်းမှည့်အနှစ် ၁၅ ကျပ်သား

၃။ ထန်းလျက်(အမည်း) ၁၅ ကျပ်သား

၎။ ပျားရည် ၁ဝ ကျပ်သား

၅။ စမုန်နက်(လှော်) ၅ ကျပ်သား

၆။ ဆားလှော် ၂ ကျပ်သား

အထက်ပါဆေးအမယ်တွေကို အိုးမှာထည့် မီးနွေးနွေးနဲ့ လက်ကော်ရအောင်ကျိုပါ။ ပြီးရင်အအေးခံပြီး ဖန်ပုလင်းနဲ့ လေလုံအောင်ထည့်ထားပါ။ အပေါ်မှာ နှမ်းဆီငါးကျပ်သားနဲ့ အုပ်ထားပါ။ မှိုမတက်အောင် နေရောင်ခြည်ပြပေးပါ။ (တစ်ကြိမ် ဟင်းစားဇွန်းတစ်ဇွန်း၊မနက် ညစားပေးပါ။) သွေးဆုံး ကိုင်ရောဂါ ဝေဒနာတွေကနေ သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်ပင်နဲ့ မန်ကျည်းမှည့် အနှစ်တို့မှာ ဝမ်းတွင်း အပူရောဂါမှန်သမျှ ငြိမ်းစေပါတယ်။

မေး။ ကျွန်တော့်သားလေးက ခြောက်လပါ။ ကလေးက ဖျားတာကိုယ်ပူကျသွားပြီးနောက် ခေါင်းကတအားပူနေပါ တယ်။ ဘာလုပ်ရမှန်းမသိလို့ပါ။  ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရတာမို့ ဆေးခန်းပြဖို့ အခက်အခဲရှိပါတယ်။ ဆေးနည်း တိုလေး တင်ပေးစေလိုပါတယ်။

ဖြေ။ ကလေး ခေါင်းပူရင် ခြေဖဝါးဆားပွတ်ပေးပြီး ရေဖတ်နဲ့ပွတ်ပါ။ အပူတွေ ခြေကထွက်ပြီး ခေါင်းပူကျသွားပါမယ်။  ကွမ်းရွက်ရှိရင် အရည်ညှစ် အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီနဲ့ ရောပြီးခေါင်းမှာလိမ်းပေးပါ။ ခေါင်းပူလွန်းရင် ကလေးတက်တတ်တာမို့ သတိထားပါ။

မေး။ မနက်အိပ်ရာထတိုင်း ဖနောင့်တစ်ဖက်ကနာပြီး မထောက်နိုင်ပါ။ ဖနောင့်အတက် ထွက်ရောဂါလို့ပြောကြပါ တယ်။ ဆေးခန်းပြဖို့ အခက်အခဲရှိလို့ သက်သာမယ့်နည်းကို ညွှန်ပြပေးစေလိုပါတယ်။

ဖြေ။ သက်ရင်းကြီးပင် အရွက်နုတွေခူးပြီး ဆုံမှာညက်အောင်ထောင်းပါ။ ဖနောင့်မှာအုံပြီး ပတ်တီးနဲ့စည်းပါ။ ညအိပ်ရာ ဝင်ချိန်စည်းပြီး မနက်အိပ်ရာထမှာဖြေရင် အဆင်ပြေပါတယ်။ ခုနစ်ရက်လောက် စည်းဖို့လိုအပ်ပါတယ်။ ဖနောင့်ကျီး ပေါင်း၊ ဖနောင့်အတက်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။

မေး။  ဆီးချိုပျောက်စေတဲ့ ဆေးခါးပင်အကြောင်း သိလိုပါတယ်။ ဘယ်လို သောက်ရမယ်ဆိုတာကို သိလိုပါတယ်။

ဖြေ။  ဆီးချိုပျောက်တယ်လို့မသုံးဘဲ ဆီးချို၊ သွေးချိုကျစေတဲ့ ဆေးခါးပင်လို့ဆိုရင် ပိုပြီးမှန်ပါမယ်။ ဆီးချိုရောဂါမှာ အ မြဲပျောက်ကင်းဖို့ခဲယဉ်းလို့ အစာကိုဆင်ခြင်ပြီး ဆေးကို အမြဲသောက်နေရမယ့် ရောဂါမျိုးဖြစ်ပါတယ်။ ဆေးခါး(ခေါ်) ရှမ်းဆေးခါးပင်(ခေါ်)ဆေးခါးကြီးပင်ကို တိုင်းရင်းဆေးပညာ သုတေ သနဌာနက ဓာတ်ခွဲသုတေသနပြုပြီးဖြစ်လို့ အစွမ်း ထက်တဲ့ဆေးပင်ဖြစ်ပါတယ်။ ကီးမို့စ် ခေါ်အရောင်ကျဆေးကို ဒီဆေးပင်တစ်မျိုးတည်းနဲ့ ထုတ်လုပ်နိုင်တယ်လို့ ဆိုပါ တယ်။ ဆီးချိုစစ်ပြီး တက်နေရင် ဆေးခါးပင်နှစ်ကျပ်သားကို ရေနွေးမတ်ခွက်တစ်လုံးနဲ့  ဆူပွက်အောင်ကျိုပါ။ အအေးခံပြီး မနက်စာ မစားမီ အကြမ်းပန်းကန် တစ်လုံးစာနဲ့ ညစာမစားမီ အကြမ်းပန်းကန် တစ်လုံးစာ သောက်သုံးပေးရင် ဆီးချိုရောဂါကို ထိန်းနိုင်ကြောင်း လက်တွေ့သောက်သုံးသူတွေ ပြောလို့သိရပါတယ်။ ဆေးခါးကြီးပင်အခြောက်တွေ ကို  ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

မေး။ဧည့်ခံပွဲတွေမှာ မလွှဲမရှောင်သာလို့ အရက် ဒါမှမဟုတ် ဝိုင်အနည်းငယ် သောက်ပြီးရင် ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် နောက်တစ်နေ့ အိပ်ရာထမှာ ခေါင်းကိုက်ပါတယ်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သိလိုပါတယ်။

ဖြေ။ အရက်ဝိုင်သောက်မိရင် ညအိပ်ရာမဝင်မီ ပျားရည်ဟင်းစားဇွန်းတစ်ဇွန်း၊ အရက်သောက်များရင် ပျားရည်ဟင်း စားဇွန်းနှစ်ဇွန်းကို ရေနွေးနဲ့ဖျော်ပြီး ကော်ဖီခွက်တစ်ခွက်စာ သောက်ပေးရင် အဆိပ်အတောက်ပြေပြီး ခေါင်းကိုက် သက်သာစေပါတယ်။ မနက်အိပ်ရာထချိန်မှာ နောက်တစ်ကြိမ် ထပ်မံေ သာက်လိုက်ရင် ပိုလို့ကောင်းပါတယ်။

ကြည်လွင်မြင့်(မုဒြာ)

Read 1401 times
Rate this item
(0 votes)
Last modified on Wednesday, 23 August 2017 10:15