SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လက်တွေ့အသုံးချဆေးနည်းတိုများ(၅၂)

Monday, 13 August 2018 09:57 Written by  font size decrease font size decrease font size increase font size increase font size

မေး ။ ။ ဆရာရှင့် သမီးတို့မိန်းကလေးတွေအတွက် ချိုင်းတွေမည်းရင် ဖြူအောင် မြန်မာဆေးနည်း ရှိရင်ပေးပါဆရာ။

ဖြေ ။ ။ ရေမချိုးခင် သံပရာသီးခြမ်းနဲ့ ပွတ်ပေးပါ။ အာလူးကိုထောင်း အရည်ညှစ်ယူပြီး အဲဒီအရည်ကို ချိုင်းမှာလိမ်းပေးရင် ချိုင်းဖွေးတယ်လို့ လက်တွေ့ပြုလုပ်ဖူးသူက ပြောပါတယ်။ ဒုတ္ထာခဲကို ရေချိုးပြီးတိုင်း ချိုင်းမှာပွတ်ပေးရင် ချိုင်းချွေးနံ့ပျောက်စေပါတယ်။

မေး ။ ။ ဆရာရှင့် မြီးညောင်းရိုး နာနေတာဆေးနည်းလေးပေးပါဆရာ။ ဘာနဲ့မှ ထိခိုက်တာလည်း မရှိပါဘူး။ ဝမ်းချုပ်တာနဲ့လည်း ဆိုင်လားဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။

ဖြေ ။ ။ ဂျုံမှုန့်နဲ့ သံပရာရည် ရောနယ်ြပီး မြီးညောင်းရိုးမှာကပ်ပါ။ နှစ်နာရီကြာ မြဲအောင် ဖိထိုင်ပါ။ သုံးရက်ခန့်ပြုလုပ်မှ ပျောက်ပါမယ်။ (လေးရက်ကြာပြီးနောက် အကြောင်းပြန်) ဆရာပေးတဲ့နည်းအတိုင်း လုပ်တာ သက်သာပျောက်ကင်းသွားပါပြီ။ ဆရာကျန်းမာပျော်ရွှင် ပါစေရှင်။

မေး ။ ။ ဆရာ ကျွန်တော်ငယ်ငယ်က ခါးမှာဒဏ်ရာရဖူးပါတယ်။ ခါးဆစ်ရိုးကို တူကျွတ်ပြီး မှန်ဖူးပါတယ်။ အခုမှ ခါးကပူပြီး နာတယ်ဆရာ။ ဆေးနည်းလေး လမ်းညွှန်ပေးပါဦးဆရာ။

ဖြေ ။ ။ ဒဏ်ကြေအောင် နှမ်းဆီ၊ မုန်ညင်းဆီ လိမ်းပြီး ကြပ်ထုပ်ထိုးပေးပါ။ မိဿလင်ဥနေလှန်း၊ အခြောက်ခံ၊ အမှုန့်ကြိတ်ပြီး ပိတ်စကို တစ်ပေပတ်လည်ဖြတ်ပြီးထုပ်ပါ။ နှစ်ထပ်ထုပ်ပါ။ လက်သီးဆုပ်အရွယ်ထုပ်ရင် ခါးအတွက် ထိုးလို့ကောင်းပါတယ်။ ရေနွေးဆူအောင်တည်၊ ဆန်ခါတင်အငွေ့ခံပြီး ခံနိုင်တဲ့ အပူနဲ့ ထိုးပေးပါ။ ဒဏ်မှန်သမျှထိုးပေးနိုင်ပါတယ်။

မေး ။ ။ ဆရာခင်ဗျာ ကျွန်တော့် ရင်ဘက်ထဲက အောင့်အောင့်နေလို့ ဆရာဝန်ပြပြီး စမ်းသပ်တာ အသည်းကြီး၊ အဆီဖုံးတယ်၊ ဘီပိုးရှိတယ်လို့ပြောပါတယ်။ ဆေးတွေ သောက်တာလည်း သက်သာမှု မရှိသလို ခံစားနေရပါတယ။် တိုင်းရင်းဆေးနည်းလေးတွေ လမ်းညွှန်ပေးပါဆရာ။

ဖြေ ။ ။ အသည်း အဆီဖုံးတာအတွက် တိုင်းရင်းဆေးသုတေသနက ဝါးရွက်ပြုတ်ရည်ကို ညွှန်ပါတယ်။ ဘယ်ဝါးရွက်ဖြစ်ဖြစ် အနည်းငယ်ခန်းအောင်ပြုတ်ပြီး တစ်နေ့ မတ်ခွက် တစ်လုံးသောက်ပါ။ ကြခတ်ဝါးရွက်ရရင် ပိုကောင်းတယ်လို့ဆိုပါတယ်။ (ဘီပိုးအတွက်တော့ ဆေးမြီးတိုနဲ့မကုသင့်ပါ။ အသည်းအထူးကု ဆရာဝန်ပြပြီး ညွှန်ကြားချက်အတိုင်း လိုက်နာပါ)

မေး ။ ။ မင်္ဂလာပါဆရာ သမီးတို့အိမ်မှာ နှမ်းနက်ရှိပါတယ်။ နှမ်းနက်နဲ့ပတ်သက်လို့ အသုံးဝင်ပုံလေး ပြောပြလို့ရရင် ဝေမျှပေးပါ။ စက်ကကြိတ်လို့ရတဲ့ နှမ်းဖက်ရော ဘယ်လို အသုံးဝင်ပါသလဲရှင်။

ဖြေ ။ ။ နှမ်းနက်ဆီက အစာကြေပါတယ်။ အသည်းအဆီဖုံးတာမဖြစ်ပါ။ နှလုံးသွေးကြော မပိတ်ပါ။ နှမ်းဖတ်နဲ့ ထန်းလျက်ခဲစားပေးရင် အစာအိမ်လေပူနာပျောက်ပါတယ်။ နှမ်းဖတ်ကို အုန်းဆီနဲ့စိမ်ထားပြီးလိမ်းရင် ဆံပင်နက်စေပါတယ်။

မေး ။ ။ ဆရာရှင့် ကျွန်မခေါင်းမှာ ဗောက်တွေအရမ်းများပါတယ်။ ထူထူခဲခဲတွေကို ဖြစ်နေပါတယ်။ သီလရှင်တင်ဖို့ ခေါင်းတုံးတုံးတော့လည်း ဗောက်တွေနဲ့ အခက်တွေ့ရပါတယ။် ဆောင်းတွင်းမှ မဟုတ်ပါဘူး ရှိနေတာပါပဲ။ အစားအသောက၊် အနေအထိုင်ကြောင့်လား၊  ဘာကြောင့်လဲ ဆေးနည်းလေးရှိရင် ညွှန်ပြပေးပါရှင့်။ ဆရာကို အမြဲရိုသေကျေးဇူး တင်လျက်ပါရှင့်။

ဖြေ ။ ။ သံပရိုသီးခြမ်းနဲ့ပွတ်ပြီး မကြာခဏ ခေါင်းလျှော်ပါ။ ရဲယိုသီးမှည့်ကိုခြေပြီး ခေါင်းမှာပွတ်လိမ်းထား၊ ခဏကြာမှ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ရင်လည်း ဗောက်ပျောက်ပါတယ်။

မေး ။ ။ ဆရာရှင့်။ ကျွန်မအသက် ၂၇ နှစ်ရှိပါပြီ။ ရုံးဝန်ထမ်းပါ။ အထိုင်များပါတယ်။ ရှင့်။ ခါတိုင်း ဆီးအောင့်တ့တာ ကြက်သွန်နီနဲ့ သံပရာရည်သောက်တာ တစ်ခွက်တည်း တန်းပျောက်ပါတယ်ရှင့်။ ခုက ဆီးသွားရင် ဆီးမအောင့်ဘဲ ဆီးကျန်ပြီး ခဏခဏဆီးသွား ချင်တာပါရှင့်။ အရမ်းနေရ ခက်ပါတယ်။ ဆီးစစ်ကြည့်တော့လည်း ပိုးမရှိပါ။ ကောင်းတယ် ပြောပါတယ်ရှင့်။ ကြက်သွန်နီနဲ့ သံပရာသီး သောက်တာလည်း မပျောက်ပါဘူးရှင့်။ သုံးလတစ်ခါလောက် ဆီးအောင့်လိုက်၊ ဆီးကျန်လိုက် ဖြစ်နေပါတယ်ရှင့်။ ဘာဆေးများ သောက်ရမလဲရှင့်။

ဖြေ ။ ။ ဆန်ဆေးရည် တစ်ဖက်ခွက်မှာသကြား ဟင်းစားဇွန်းတစ်ဇွန်း၊ ဆားလှော်အနည်းငယ် ထည့်သောက်ပါ။ ခြေဖဝါးဆားပွတ် ဒူးအထက်မှအောက် ရေလောင်းခြေဆေး။ ညအိပ်ရာမဝင်မီ နေ့စဉ်ပြုလုပ်ကြည့်ပါ။ အပူများ အောက်သို့ဆင်းပြီး ဆီးကောင်း မျက်စိကြည်လာပါလိမ့်မယ်။

မေး ။ ။ ဆရာ သမီးရဲ့လက်မောင်းနဲ့ နောက်ကျောတွေမှာ ကြာဆူးပေါက်ရင်းကနေ အမည်း စက်လေးတွေ ကျန်နေခဲ့ပါတယ်ရှင့်။ ဆေးကုတာလည်း စုံနေပါပြီရှင့်။ မပျောက်ပါဘူးရှင့်။ ဆေးနည်းလေး ပြောပြပေးပါရှင့်။

ဖြေ ။ ။ တမာရွက်ပြုတ်ရည်နဲ့ ချိုးပါ။ ကွမ်းသီးခြမ်းနဲ့သနပ်ခါး ရောစပ်လိမ်းပါ။ (တစ်နည်း) စန္ဒကူးနီအခေါက်(ပရဆေးဆိုင်ဝယ်) သွေးလိမ်းရင် ပျောက်နိုင်ပါတယ်။

မေး ။ ။ ဆရာ မင်္ဂလာပါရှင့် ကျွန်မအမျိုးသားက ဆိုက်ကားနင်းပါတယ်။ အခုညာဘက် ခြေဖဝါးက တအားနာနေပါတယ်။ ဘာလုပ်ရမလဲဆရာ။ တခြားဘာကြောင့်များ ဖြစ်နိုင်ပါသလဲရှင့်။

ဖြေ ။ ။ ခြေဖဝါးအလယက် အကြောရောင်တာ ဖြစ်နိုင်သလို အသားကြေတာလည်း ဖြစ်နိုင်ပါတယ်။ ရဲယိုရွက်မီးကင်၊ ဆီသုတ်ခြေဖဝါးမှာကပ်ပြီး ပတ်တီးစည်းထားပါ။ ညအိပ်ရာဝင်ချိန်မှာ မိဿလင်ဥကိုထောင်းပြီး ခြေဖဝါးအလယ်မှာ စည်းအိပ်ပါ။ မနက်ထမှ ဖြေပါ။ နှစ်ရက်လောက် စည်းပေးပါ။

မေး ။ ။ ဆရာရှင့် သမီးခေါင်းမှာ အပူဖုလိုမျိုး ပေါက်ရင်းကနေ အခုဆို ဆံပင်တွေလည်း အကွက်လိုက်ကျွတ်ပြီး ပြည်တွေပါ တည်လာတယ်။ ယားလည်းယားပါတယ်။ ကူညီပေးပါဦးဆရာ။

ဖြေ ။ ။ ရှားစောင့်လက်ပပ် အနှစ်ကို ပျားရည်နဲ့ရောနယ်၊ ဦးခေါင်းမှာ စိမ့်ဝင်အောင်လိမ်းပြီး ခဏကြာမှခေါင်းလျှော်ပစ်ပါ။ ပျားရည်နဲ့ သံပရာရည် ရောစပ်လိမ်းရင်လည်း ယားနာ သက်သာပါတယ်။ ကြိတ်မှန်ရွက်အရည်ဆွတ်ပေးရင်လည်း ဆံပင်ကျွတ်သက်သာစေပါတယ်။

မေး ။ ။ ဆရာ ရိုသေလေးစားစွာနဲ့ တစ်ခုလောက် မေးပါရစေ။ ကျွန်တော့်အသက် ၃၂ နှစ်ရှိပါပြီ။ မကြာခဏဆိုသလို အပူများပြီး ပါးစောင်မှာ အပူကျိတ်ထွက်ပါတယ်။ ချွေးထွက်လည်း လွန်ပါတယ်။ အစပ်နည်းနည်းစားရင် ချွေးအလွန်ထွက်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန် ဆေးနည်းလေး ညွှန်ကြားပေးပါဆရာ။

ဖြေ ။ ။ ဖီးကြမ်းငှက်ပျောသီး နေ့စဉ်စားပါ။ ငှက်ပျောသီးအခွံမှာ ကပ်နေတဲ့အမြှေးကို ခြစ်ယူပြီး ပျားရည်နဲ့ ရောစပ်စားရင် ပါးစပ်နာ သက်သာစေပါတယ်။ မြင်းခွာရွက်ကိုဖျော်ရည် လုပ်သောက်ရင် ချွေးထွက်လွန်တာ သက်သာစေပါတယ်။ ညအိပ်ခါနီးမှာ မန်ကျည်းမှည့် ဖျော်ရည်ပုံမှန် သောက်ပေးပါက ဝမ်းတွင်း အပူငြိမ်းစေပါတယ်။

မေး ။ ။ ဆရာရှင့် သမီးအသက်က ၂၈ နှစ်ပါ။ ဆေးစစ်တာ လေးဖက်နာနဲ့ အခြားရောဂါလည်း မရှိပါရှင့်။ အကိုက်အခဲဆေးတွေလည်း သောက်ပါတယ်။ ခြေထောက်နှစ်ဖက်လုံးမှာ ခြေညှိုးက စနာရင်း ခြေဖဝါးရောင်ပြီး လမ်းတောင် မလျှောက်နိုင် ဖြစ်နေပါတယ်။ နှစ်ပတ်လောက်ရှိပါပြီ။ အဓိကနာတာက ခြေညှိုးပါ။ တခြားခြေချောင်းတွေက မနာပါဘူး။ ဆေးနည်းလေးညွှန်ပြပေးပါ။

ဖြေ ။ ။ ခြေထောက်နှစ်ဖက် ခြေချင်းဝတ်မြုပ်အောင် ဆားရည်နွေးနွေးစိမ်ပေးပါ။ သစ်ကြံပိုးမှုန့် တစ်ဆ၊ လင်းလေမှုန့် တစ်ဆ၊ ချင်းခြောက်မှုန့် နှစ်ဆ ရောပြီးရေနွေးနဲ့ ဖျော်ဆေးစည်းပေးပါ။

မေး ။ ။ ဆရာ ကျွန်တော့်ဇနီးက ကိုယ်ဝန်တစ်လကျော်ရှိပါပြီ။ အနေအထိုင် ဆင်ခြင်ရမှာနဲ့ မစားသင့်တာလေးတွေ သိပါရစေ။

ဖြေ ။ ။ ကိုယ်ဝန်နုတုန်း အန်တတ်ပါတယ်။ လေပွစေတဲ့အစာ၊ အပူအစပ်လွန်ကဲတဲ့အစာတွေ ရှောင်ကြဉ်စားရပါမယ်။ မျှစ်၊ မျှစ်ချဉ်၊ တညင်းသီး၊ ဒူးရင်းသီး၊ ဥသျှစ်သီး၊ ဒူးရင်းယို၊ ခုံညင်းယို စတာတွေရှောင်ကြဉ်ပါ။ ညှော်နဲ့ဆေးလိပ်အငွေ့ရှောင်ပါ။ လေကောင်းလေသန့် ရတဲ့နေရာမှာ နေ့စဉ်လမ်းလျှောက်ပေးပါက မွေးရဖွားရလွယ်ကူပါတယ်။

မေး ။ ။ ဆရာခင်ဗျာ ကျွန်တော့်စအိုပူပြီး အောင့်နေတာ ဘာဖြစ်နိုင်ပါသလဲ။ ဝမ်းချုပ်တဲ့နေ့မှ ဖြစ်တာပါ။ ဘယ်လိုနေထိုင်ရမလဲ ညွှန်ကြားပေးပါ။

ဖြေ ။ ။ အတွင်းလိပ်ခေါင်း ဖြစ်ချင်တဲ့ လက္ခဏာပါ။ ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။ ရေများများသောက်ပါ။ သင်္ဘောသီး၊ ငှက်ပျောသီးမှည့်တွေ နေ့စဉ်စားပေးပါ။ ပူ၊ စပ်၊ ချဉ် အစာတွေရှောင်ကြဉ်စားပါ။ မြင်းခွာရွက် ဖျော်ရည်ကို အိပ်ရာဝင်ချိန်သောက်ပေးရင် စအိုပူတာ သက်သာတယ်လို့ဆိုပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို စအိုဝမှာ ကပ်ပေးရင်လည်း ပူတာသက်သာစေနိုင်ပါတယ်။

မေး ။ ။ ဆရာ ကျွန်မက အသက် ၃၃ နှစ်ရှိပါပြီ။ သားမွေးပြီး ကတည်းက ပဋိသန္ဓေ တားဆေးစားတာ ၁၃ နှစ်ရှိပါပြီ။ နောက်ကလေးလိုချင်လို့ ဆေးဖြတ်တာ တစ်နှစ်ရှိပါပြီ။ ကလေးမရပါ။ ဆေးနည်းလေး ပြောပြပေးပါဆရာ။

ဖြေ ။ ။ အုန်းစိမ်းရည်သောက်ပါ။ ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားပါ။ လမ်းလျှောက်ပေးပါ။ အဆီများတဲ့ အသားရှောင်စားပါ။ အသီးအနှံများများစားပြီး အိပ်ရေးမပျက်အောင် ဂရုစိုက်ရင် ကလေးရဖို့ပိုနီးစပ်ပါတယ်။ တားဆေးကြာကြာစားရင် အာနိသင်က သုံးနှစ်အထိကြာတတ် ပါတယ်။ ကုန်းကန်စွန်းရိုးနီကို စားပေးပါ။ ဆေးအဆိပ်ပြယ်ပါတယ်။ အသက် ၃၃ နှစ်ကျော်ပြီ ဆိုတော့ နည်းနည်းတော့ ကျန်းမာရေး ဂရုစိုက်ရပါလိမ့်မယ်။

မေး ။ ။ ကျွန်မမျက်စိ ခွဲရမှာမို့ပါရှင့်။ ခွဲပြီးရင် တည့်တဲ့ ဘယ်လို အသားငါး၊ ဟင်းသီးဟင်းရွက် စားရမလဲဆိုတာ သိချင်လို့ပါ။ ကျွန်မက စက်ချုပ်တော့ အနာမြန်မြန် ကျက်ချင်လို့ပါ။

ဖြေ ။ ။ ပုစွန်နဲ့ ပင်လယ်စာတွေ၊ သွေးတိုးစေမယ့် ပုပ်ငန်တဲ့ ငါးပိ၊ ငါးခြောက်တွေ မစားပါနဲ့။ ခွဲခါနီးမှာ ဆီးချိုသွေးချိုတက်လို့ မခွဲရတဲ့သူတွေလည်း ရှိတတ်တာမို့ အချို၊ အဆိမ့်တွေ လွန်လွန်ကဲကဲ မစားမိဖို့လည်း သတိပြုပါ။ ကျန်တဲ့အသီးအရွက်နဲ့ ငါး၊ ကြက်ဥစတာတွေ အကုန်စားလို့ရပါတယ်။ (ခွဲပြီးရင် ရှောင်ရမှာတွေကတော့ ဆရာဝန်ပြောမှာပါ)

မေး ။ ။ ဆရာရှင့် လိမ်ခေါင်းကုထားတာ အနာမကျက်ဘူး ဖြစ်နေပါတယ်။ အနာကျက်အောင် ဘာများသုံးရမလဲရှင့်။

ဖြေ ။ ။ ကုက္ကိုရွက်ကို သန့်စင်အောင်ဆေးထောင်းပြီး အရည်ညှစ်၊ ပျားရည်နဲ့ဆတူရော လိမ်းပေးပါ။ အနာကျက်မြန်ပါတယ်။ အိမ်သာထိုင်ပြီးရင် ရေသန့်ကိုအမြဲသုံးစွဲပါ။

မေး ။ ။ ဆရာရှင့် ကျွန်မမှာ ဆီးချိုသွေးချို ဖြစ်နေပါတယ်။ စမ်းသပ်ကြည့်တော့ ၃၀ဝ ကျော်တယ်ပြောပါတယ်။ အမေ့မှာလည်း ဆီးချိုသွေးချိုရှိပါတယ်။ ကျေးဇူးပြုပြီး တိုင်းရင်းဆေးလေး ပြောပြပေးပါ။

ဖြေ ။ ။ ဆီးချိုရှိကြောင်း စမ်းသပ်သိရတယ်ဆိုရင် အထူးကုသမားတော်နဲ့ ကုသင့်ပါတယ်။ အကယ်၍ ဆရာဝန်နဲ့ မပြနိုင်ဘူးဆိုရင်တော့ မြန်မာဆေးကိုအသုံးပြုပါ။ ဆေးခါးကြီးပင်ခေါ် ပန်းခါးမှုန့်နှစ်ဆ၊ သစ်ကြံပိုးမှုန့်တစ်ဆရောစပ်ပြီး ကော်ဖီဇွန်းတစ်ဇွန်းကနေ နှစ်ဇွန်း ရေနွေးနဲ့ဖျော် ထမင်းစားပြီးတိုင်း မနက်၊ ညသောက်ပေးပါ။ (နေ့စဉ်ဆီးချိုတိုင်းကိရိယာနဲ့ စမ်းသပ်ပါ။)

မေး ။ ။ ဆရာ ကျွန်တော့်အမျိုးသမီး ကိုယ်ဝန်ငါးလရှိပါပြီ။ လေထိုးလေအောင့် ဖြစ်နေပါတယ်။ အဲဒါ ဆေးနည်းလေး လမ်းညွှန်ပြပေးပါဆရာ။

ဖြေ ။ ။ ဆားခါးကိုလှော်ပါ။ ကော်ဖီဇွန်း တစ်ဇွန်းစာကို ရှောက်ရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်း စပ်သောက်ပါ။

မေး ။ ။ ဆရာ သမီးအဘိုးက အသက် ၇၀ ရှိပါပြီရှင့်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဆိုင်ကယ်မှောက်ဖူးပါတယ်။ အခုညာဘက်တင်ပါးဆုံရိုးက တအားနာနေပါတယ်။ လမ်းလည်း ကြာကြာမလျှောက်နိုင်ဘဲ ခြေထောက်တွေ ကျဉ်လာပါတယ်။ ခြေဖဝါးက အမြဲလိုလို ရောင်နေပါတယ်။ အနှိပ်သည်နဲ့လည်း နှိပ်ဖူးပါတယ်။ အရိုးအကြောဌာနက ခွဲစိတ်ခိုင်းပါတယ်။ အဘိုးက မခွဲစိတ်ချင်ဘူးလို့ပြောပါတယ်။ ဆေးနည်းလေး ပြောပြပေးပါဆရာ။

ဖြေ ။ ။ ချင်းခြောက်မှုန့်နှစ်ဆ၊ လင်းလေမှုန့် တစ်ဆနဲ့ သစ်ကြံပိုးခေါက်မှုန့် တစ်ဆ၊ ဝံအူမြစ်အမှုန့် တစ်ဆ(ပရဆေးဆိုင်မှာဝယ် ရောကြိတ်)ရောစပ်ထားတဲ့ဆေးမှုန့်ကို ရေနွေးနဲ့ ဖျော်ပြီး နာနေတဲ့တင်ပါးဆုံမှာ အုံပေးပါ။ အရိုးအက်ရင် ပြန်ဆက်နိုင်ပါတယ်။ ငြိမ်ငြိမ် အနားယူဖို့တော့ လိုပါတယ်။

မေး ။ ။ ဆရာ မင်္ဂလာပါ ကျွန်တော့်ခြေထောက် အရိုးကျိုးသွားလို့ ကျောက်ပတ်တီးစည်းတာ ၂၃ ရက်နဲ့ ကိုယ့်ဘာသာကိုယ် ခွာထုတ်ပစ်မိတယ်။ အရိုးအက်တာ ပြန်ဆက်ပါ့မလား ဆရာ။ ခြေမျက်စိဘေးနားက ရောင်ပြီး အကြောတင်သလို နာနေတယ်ဆရာ။

ဖြေ ။ ။ ၄၅ ရက်စည်းရင် အရိုးအက်တာက ပြန်ဆက်ပါတယ်။ ဓာတ်မှန်ပြန်ရိုက်၊ ဆရာဝန်ပြန်ပြပါ။ အနည်းဆုံးတစ်လတော့ စည်းသင့်ပါတယ်။ ဒါပေမဲ့ ရက် ၁၀ဝ အထိ ကြမ်းကြမ်းလုပ်လို့မရပါ။ ခြေထောက်ရောင်ရင် ဆားရည်နွေးစိမ်ပေးပါ။ ရဲယိုရွက်ကိုမီးကင်ပြီး နှမ်းဆီ ဒါမှမဟုတ် မုန်ညင်းဆီသုတ်ရောင်တဲ့ နေရာမှာကပ်ပြီး စည်းထားပေးပါ။ တောရှောက်မြစ်၊ ဝံအူမြစ်များ သွေးလိမ်းရင် အရိုးဆက်စေပါတယ်။

ကြည်လွင်မြင့်(မုဒြာ)

Read 745 times
Rate this item
(0 votes)
Last modified on Monday, 13 August 2018 09:57