SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လက်တွေ့ အသုံးချ ဆေးနည်း တိုများ(၈)

Tuesday, 26 September 2017 09:24 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ဆရာကြီးရှင့် သမီးရဲ့ဦးလေးက ဆီးကျိတ်ကြီးပြီး အကျိတ်ကို ခြစ်ထားပါတယ်ရှင့်။ ဖြစ်ခါစကတော့ သက်သာသလိုရှိပြီး အခုဆီးသွားရင် နာတယ်၊ အောင့်တယ်လို့ ပြောပါတယ်ရှင့်။ ဆီးကလည်း နည်းနည်းပဲ သွားပါတယ်။ အဲဒီလိုနာရင် ကင်ဆာဖြစ်နိုင်တယ်လို့ စာစောင်ထဲမှာဖတ်မိပြီး သူ့မှာစိတ်မကောင်း ဖြစ်နေပါတယ်ရှင့်။ သမီးတို့ကလည်း သေချာမသိတော့ သူ့ကိုဘယ်လိုရှင်းပြရမလဲ မသိပါဘူးရှင့်။ နာတာသက်သာဖို့ နည်းလမ်းရှိရင် မေတ္တာရှေ့ ထားပြီး ပြောပြပေးစေလိုပါတယ်။

ဖြေ။ ဆီးကျိတ်ခြစ်ပြီး ပေမဲ့လည်း ဆီးလမ်းကြောင်းရောင်တာ ကျန်နေသေးရင် နာတတ်ပါတယ်။ မကြာခင် သက်သာ သွားပါလိမ့်မယ်။ ဆေးနည်းကတော့ ထိလိုက်ရင် အိပ်သွားတဲ့ ထိကရုံးဆူးပင်ရှာပြီး အမြစ်ပါ အောင်နုတ်ယူပါ။ သုံး ခွက်တစ်ခွက်တင်ပြုတ်ပါ။ တစ်နေ့လျှင် ပြုတ်ရည် မတ်ခွက်နှစ်လုံး ကုန်အောင် တိုက်ပါ။ နောက်တစ်နည်းကတော့ ကြက်သွန်နီဥထောင်းပြီး အရည်တစ်ဇွန်း၊ ချင်းတက် အစိုထောင်း အရည်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းစပ်ပြီး တစ်နေ့ နှစ်ကြိမ်တိုက်ပေးပါ။ ကြက်သွန်နီဥကြီးကို အကွင်းလိုက်ပါးပါးလှီးပြီး ဆီးခုံမှာ ကပ်ပေးပါ။ တစ်နေ့ နှစ်ကြိမ် အသစ်လဲကပ်ပါ။

မေး။ သမီးရောဂါ ဆရာဝန်ပြရမှာရှက်လို့ပါ။ ပြောရတာလည်း အားနာပါတယ်ဆရာ။ ကန်တော့ပါဆရာ။ သမီး မနက် ဝမ်းသွားပြီးရင် စအိုဝက တင်းပြီးနာလာပါတယ်။ တစ်နေကုန် နာနေပါတယ်။ မန်းဆေး ဝယ်လိမ်းကြည့်တာလည်း မသက်သာပါ။ ရက်နည်းနည်း ကြာလာတော့ ခွဲစိတ်ရမှာလည်း ကြောက်လို့ပါ။ နည်းလမ်းရှိရင် ကူညီပါရှင့်။

ဖြေ။ ဆားခါးအထုပ်ဝယ်ပါ၊ မြန်မာဆားခါးကို ပရဆေးဆိုင်တွေမှာ ရနိုင်ပါတယ်။ အင်္ဂလိပ်ဆေးဆိုင်တွေမှာလည်း ဆားခါးအထုပ် မဂ္ဂနီဆီယမ် ဆာလဖိတ်လို့ ပြောဝယ်ရင်ရနိုင်ပါတယ်။ ဆားခါးတစ်ထုပ်လုံးကို ရေနွေးဓာတ်ဘူး တစ်လုံးနဲ့ဖျော်ပါ။ ပျော်ဝင်သွားရင် ထိုင်လို့ရနိုင်တဲ့ အင်တုံ(ဒါမှမဟုတ်) ပလက်စတစ် ဇလုံကြီးကြီးမှာထည့်ပြီး ရေအေး ရောစပ် ဖန်ထိုင်ပေးပါ။ မနက်ဝမ်းသွားပြီးချိန်မှာထိုင်ပါ။ ပြီးမှရေချိုးပါ။ မိနစ် ၂ဝ လောက်ထိုင်ပေးရင် သက်သာ နိုင်ပါ တယ်။ ညအိပ်ရာဝင်ချိန်မှာ ကျားမနိုင်မြစ် (ဒါမှမဟုတ်) နလင်ကျော်ကိုသွေးပြီး စအိုဝမှာလိမ်းပေးပါ။ ခုနစ်ရက် လောက်ပြုလုပ်ရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

မေး။ မင်္ဂလာပါဆရာ။ ဆန်စိမ်းစားတာ ကောင်းပါသလားဆရာ။ သွေးကတောင်းတာ လားမသိပါ။ ဆန်စားချင်စိတ် ဖြစ်ဖြစ်နေပါတယ်။ ဆန်စားရင် သန်ကောင်ဖြစ်စေတယ်လို့ လူကြီးတွေပြောပါတယ်။ မစားဖြစ်အောင် ဘယ်လိုလုပ်ရပါ မလဲဆရာ။

ဖြေ။ ဆန်စားချင်စိတ်၊ ပြာစားချင်စိတ်ဖြစ်တာ ဝမ်းထဲမှာ လေပြင်ရှိလို့ ဆိုပါတယ်။ လက်ဖက်အစိုကို အခါးကုန်အောင် ရှောက်သီးအရည်နဲ့ညှစ်ပြီး နှမ်းဆီနဲ့နှပ်ထားပါ။ ဆန်စားချင်စိတ်ဖြစ်တဲ့ အခါတိုင်း အနည်းငယ်မျှ စားပေးပါ။ လေပူကျအောင် ညအိပ်ရာဝင်ချိန်မှာ မန်ကျည်းမှည့်ဖျော်ရည် သောက်ပေးပါ။

မေး။ ကျွန်တော့သမီး အငယ်က အသက်သုံးနှစ်ပါ။ အအေးကြိုက်တော့ ပန်ကာလေ အမြဲခံလေ့ရှိပါတယ်။ သူ အခု ဖျားနေပါတယ်။ ဆေးတိုက်လည်း ကိုယ်ပူက ခဏကျပြီး ပြန်ပူပါတယ်။ အဆော့လည်းမပျက်၊ အစားလည်းမပျက် ကိုယ်ပူနေတာ ဘယ်လိုလုပ်ပေးရပါမလဲ။

ဖြေ။ ကလေးကိုယ်ပူကျအောင် ရေဖတ်တိုက်ပေးပါ။ ကံ့ကော်ဝတ်ဆံနဲ့ သနပ်ခါးရောသွေးပြီး တစ်ကိုယ်လုံး လိမ်းပေး ပါ။ ပါးစပ်ထဲလည်း အနည်းငယ်ခွံ့ပေးပါ။ အဖျားရက်ရှည်ရင်တော့ ကလေးကို အထူးကုသမားတော်နဲ့ ပြသင့်ပါတယ်။ ကလေးကို ပန်ကာလေခံတဲ့ အကျင့်ပျောက်အောင် ပြုပြင်ေ ပးသင့်ပါတယ်။

မေး။ ဆရာရှင့် တစ်ခုလောက်မေးပါရစေ။ ကျွန်မ ကလေးမရအောင် သားအိမ်ထဲပစ္စည်း ထည့်ထားပါတယ်။ အခု ကလေးယူမယ်ဆိုပြီး ပြန်ထုတ်ပြီးပါပြီ။ ကိုယ်ဝန်လည်း မရှိသေးဘဲနဲ့ ဓမ္မတာမလာဘဲ အသားတွေ မည်းနေပါတယ်။ ဓမ္မတာပြန်ပေါ်ချင်ပါတယ်။ ဆေးနည်းပေးပါရှင့်။

ဖြေ။ ကြိတ်မှန်ရွက်ကို ထန်းလျက်အမည်း (ထန်းဖိုထန်းလျက်)နဲ့ ရောကျိုသောက်ပါ။ ရှားစောင်းလက်ပပ် အနှစ်ကိုလည်း ဟင်းချိုချက်သောက်ပါ။ ပဲရာဇာ (ခေါ်) ပဲနီလေးဟင်းချိုကို နေ့စဉ်ချက်သောက်ရင် အသားပြန်ဖြူနိုင်ပါတယ်။

မေး။ မြောင်းထဲ ခြေချော်ကျပြီး ဒူးနာနေပါတယ်။ အနည်းငယ်ရောင်ပါတယ်။ တောနယ်ရောက်နေလို့ ဆေးခန်းမပြနိုင် ပါ။ကူညီပါ။

ဖြေ။ မုန်ညင်းဆီ( ဒါမှမဟုတ်) နှမ်းဆီကို မီးအပူပေးပြီး ဒူးမှာလိမ်းပါ။ ဗာဒံရွက်အနုကို ဒူးပေါ်မှာအုပ်ပြီး ပတ်တီးနဲ့ စည်းထားပါ။ ဒူးစွပ်ရှိရင် အရွက်အုပ်ပြီး ဒူးစွပ်စွပ်ထားပါ။ အမြန်သက်သာနိုင်ပါတယ်။ ဗာဒံရွက်မရှိရင် ရဲယိုရွက်ကိုမီး ကင်ပြီး ကပ်ရင်လည်း သက်သာနိုင်ပါတယ်။

မေး။ ကျွန်မရဲ့သားလေး အသက်နှစ်နှစ် ပြည့်ပြီးပါပြီ။ မွေးကတည်းက ရင်ကျပ်တတ်ပါတယ်။ အခုလည်း ရာသီဥတု အေးရင် အစားမှားရင် ရင်ကျပ်ပါတယ်။ ဆေးနည်းလေး ညွှန်းပေးစေချင်ပါတယ်။

ဖြေ။ ကွမ်းရွက်တစ်ရွက်နဲ့ ချင်းပါးပါး ခုနှစ်လွှာကို ရေနွေးမတ်ခွက်တစ်လုံးမှာ ထည့်အုပ်ထားပါ။ အအေးခံပြီး ရေကျက် အေးပြုလုပ်ထားပါ။ တစ်နေကုန်ဝင်သလောက် ဖြည်းဖြည်းချင်း တိုက်ပေးပါ။ အေးရင် ကလေးရင်ဘတ်ကို မုန်ညင်းဆီ နွေးနွေးလိမ်းပေးပါ။

မေး။ သန္ဓေတားဆေးထိုးတာ တင်ပါးမှာ အခဲဖြစ်ပြီး ရောင်နာနေပါတယ်ဆရာ။ နှစ်ရက်ရှိပါပြီ။ ရေခဲကပ်တာ မသက် သာပါ။ မြန်မာဆေးနည်းရှိရင် ပေးစေလိုပါတယ်။

ဖြေ။ ဆားကြပ်ထုပ်ထိုးပါ။ အိမ်သုံးဆားကို အဝတ်နဲ့ထုပ်ပြီး ရေနွေးငွေ့ခံ အပူပေးပြီး ခဲနေတဲ့နေရာမှာ ဖိကပ်ပေးပါ။ ခံနိုင်ရုံအပူနဲ့ကပ်ပါ။ ဆန်ကိုထောင်း၊ ခံနိုင်ရုံ အပူနဲ့ကပ်ပါ။ ဆန်ကို ထောင်း၊ နနွင်းမှုန့် အနည်းငယ်နဲ့ရော ရေနဲ့ ဖျော်ပြီး ကပ်ပေးပါ။ ဇာတိပ္ဖိုလ်သီး အဆန်ကို သွေးလိမ်းပါ။ ဥသျှစ်ရွက်ကို ဟင်းချိုချက်သောက်ရင် အကျိတ်ကြေစေပါတယ်။

မေး။ ယင်ကောင်နဲ့ ခြင်တွေ မလာစေဖို့ စပါးလင်ပင်ကို အသုံးပြုရတယ်ဆိုတာ မှန်ပါသလား။

ဖြေ။ မှန်ပါတယ်။ စပါးလင်ပင်တွေကို ပိုင်းဖြတ်ပြီး ရေထည့်ထားတဲ့ ဖန်ပုလင်းမှာ စိုက်ထားရင် ယင်နဲ့ ခြင်အလာ နည်းပါတယ်။ အနံ့ကြောင့် မလာတာဖြစ်ပါတယ်။ ပန်းအိုးနဲ့ အလှစိုက်ရင်လည်း ရပါတယ်။။

မေး။ ဆီးအောင့်ပြီး မကြာခဏ ဆီးသွားချင်နေပါတယ်။ ခြေထောက်ရေစို များရာကနေ ဖြစ်တယ်လို့ ထင်ပါတယ်။ ဆေးနည်း ပြောပေးပါရှင့်။

ဖြေ။ ကြက်သွန်နီဥကြီး မီးဖုတ်စားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီးခုံမှာ ကပ်ပေးရင်လည်း အပူငုပ်ဆီးအောင့် သက်သာစေပါတယ်။

မေး။ ဆရာ ကျောက်ကပ်အထက်မှာ ရေအိတ်ရှိတာကို သင်္ဘောရွက် ပြုတ်သောက်ရမယ်လို့ ဆရာဖြေထားတာ တွေ့ဖူးပါတယ်။ ဘယ်အတိုင်းအတာ၊ တစ်နေ့ဘယ်နှကြိမ်၊ ဘယ်နှလသောက်ရမှာပါလဲ။ ဖြေကြားပေးပါ။

ဖြေ။ သင်္ဘောရွက်ပြုတ်ရည် မတ်ခွက်တစ်လုံးစာကို မနက်၊ ည နှစ်ကြိမ်ခွဲသောက်ရင် လုံလောက်ပါတယ်။ အနည်းဆုံး တစ်လခွဲ ၄၅ ရက်သောက်သင့်ပါတယ်။

မေး။ ဆရာ ကျွန်မလွန်ခဲ့တဲ့ တစ်လကသည်းခြေအိတ် ခွဲထုတ်လိုက်ရပါတယ်။ အခုထိ အစာစားလို့ မမြိန်သေးပါ။ စားလည်းမစားချင်ပါ။ သည်းခြေအိတ် ထုတ်လိုက်ရတာကြောင့်လား မသိပါ။ အစာစားချင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အကြံပေးပါရှင့်။

ဖြေ။ ဝမ်းမီးအားကောင်းလာစေဖို့ ချင်းတက်လက်တစ်ဆစ်လောက်ထုပြီး ရေနွေးမတ်ခွက်တစ်လုံးမှာ စိမ်ထားပြီး ရေကျက်အေး ပြုလုပ်သောက်ပါ။ နှစ်ကြိမ် ရေနွေးထပ်ရောပါ။ ချင်းအရသာကုန်ရင် အသစ်လဲပါ။ ချင်းရေကျက်အေးကို သုံးရက်သောက်ကြည့်ပါ။ စားချင်လာပါလိမ့်မယ်။ တစ်နည်းမှာ လက် ဖက်အစိုကို ဆားနဲ့နယ်ပြီး အခါးကုန်အောင် ရေဆေးပါ။ ရှောက်သီးအရည်ညှစ်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတောင့် အနည်းငယ် ထောင်းရောနယ်ပြီး နှမ်းဆီ အုပ်နှပ်ထားပါ။ နည်းနည်းချင်းစားပေးပါ။ ခံတွင်းပြန်လိုက်လာပါလိမ့်မယ်။ မြန်မာရှေးလူကြီးတွေစားတဲ့ လက်ဖက်နှပ် နည်းဖြစ်ပါတယ်။

မေး။ သမီးဆေးနည်းလေး တောင်းချင်လို့ပါရှင့်။ သမီး ညီမလေးအတွက်ပါဆရာ။ ပေါင်ကနေ ခြေသလုံးထိ အကြော တွေပြတ်ပါတယ်။ အကြောပြတ်ရာတွေကြောင့် စိတ်ဆင်းရဲရပါတယ်။ အချို့ဆရာဝန်တွေက အိမ်ထောင်သည် ကိုယ် ဝန်ဆောင်တွေမှာ ဖြစ်တယ်လို့ပြောပါတယ်။ သူက အပျိုလေးပါ။ အကြောပြတ်ရာတွေက ညီမလေး ခြောက်တန်း ကျောင်းသူကတည်းက နည်းနည်းချင်းစီ ပေါ်လာတာပါ။ မျိုးရိုးလိုက်တာလား မသိပါ။ မေမေ့မှာလည်း အကြောပြတ် ရာနည်းနည်းရှိပါတယ်။ သူ့လောက် မများပါ။ သံလွင်ဆီလိမ်းရတယ်ပြောလို့ လိမ်းတာလည်း မပျောက်ပါဘူးဆရာ။ ဆေးနည်းရှိရင် ညွှန်ြ ပပေးပါ။ တအားပျောက်ချင်လို့ပါရှင်။

ဖြေ။ သံလွင်ဆီလိမ်းတာ မှန်ပါတယ်။ ဒါပေမဲ့ ရိုးရိုးလိမ်းလို့ မရဘူး။ မီးနဲ့နွှေးပြီး လိမ်းရပါမယ်။ အားကစားလုပ်လို့ အကြောပြတ်တာတွေ သက်သာပါတယ်။ မြန်မာဆေးနည်းကတော့ ရှားစောင်းလက်ပပ်ကို မီးအုံးပြီး အပြင်ခွံခွာပါ။ အတွင်းက အနှစ်သားနဲ့ ပွတ်ပေးပါ။ ရေမချိုးခင် နေ့စဉ်ရက်ဆက် ၁၄ ရက်လောက် ပြုလုပ်ပါ။ နောက်တစ်နည်းက ကွမ်း သီးခြမ်း(အခြောက်)သွေးလိမ်းရင်လည်း အကြောပြတ်ရာတွေ၊ အမည်းစင်းတွေ သက်သာတယ် ပြောပါတယ်။ တမာ ရွက်ခြောက်တွေကို နေလှန်းပြီး အမှုန့်ထောင်းပါ။ သနပ်ခါးနဲ့ ရောစပ်လိမ်းပါ။ ဗိုက်ကြောပြတ်တာတော့ လက်တွေ့သက်သာတာ တွေ့ဖူးပါတယ်။ ။ ကြည်လွင်မြင့် (မုဒြာ)

Read 1280 times
Rate this item
(0 votes)
Last modified on Tuesday, 26 September 2017 09:53