SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ရန်ကုန်  စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဒလ-ဓနုတ် ကွန်ကရစ် ကားလမ်းအား အကျယ် ၁၈ပေ တိုးချဲ့ပြီး ယာဉ်နှစ်စီး တိမ်းရှောင်မောင်းနှင် သွားလာနိုင်သည့် ကားလမ်းမကြီးအဖြစ် ဆောက်လုပ်ရေးဦးစီးဌာနမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် တိုးချဲ့ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျိုက်ထို  စက်တင်ဘာ ၂၇  

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင် ကျေးရွာအနီးရှိ မရမ်းချောင် စစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်ချိန်မှ ခုနစ်လ ဝန်းကျင်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၂၁၆  စီးဖမ်းဆီး ရမိခဲ့ကြောင်း မရမ်းချောင် စစ်ဆေးရေးစခန်းမှ သိရသည်။ 

မိတ္ထီလာ စက်တင်ဘာ ၂၇

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိကျင်းပသည့် (၉)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ (9th ASEAN PARA Games 2017)သို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ကြသည့် မြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားသမားများသည် ဆုတံဆိပ် ၄၃ ခုဆွတ်ခူး၍ စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာကြသည်။

နေပြည်တော်  စက်တင်ဘာ  ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်တွင်း ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်များ စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန် စက်တင်ဘာ ၂၆

မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဆေးပညာအဖွဲ့)မှ ကြီးမှူး၍ (၁၈)ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း   (ဆေးပညာအဖွဲ့) ညီလာခံကို ရန်ကုန်မြို့ Melia  Hotel ၌ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ  ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီး    အထွေထွေရောဂါကု ဆရာဝန်     တွဲဖက်ပါမောက္ခ ဒေါက်တာသိန်းမြင့်ထံမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၂၆

ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာပါက ပြည်ပတင်ပို့မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပါဝင်ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်မြို့ရှိ  Summit Park  View  Hotel ၌  ကျင်းပသော မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး  အများပိုင်ကုမ္ပဏီလီမိတက် အလုပ်ရုံဆွေးနွေးပွဲ၌   မြန်မာနိုင်ငံတော် ဗဟိုဘဏ်   နိုင်ငံခြားသုံးငွေ  စီမံခန့်ခွဲမှု ဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသည်။

ရန်ကုန်   စက်တင်ဘာ  ၂၆

ပြင်ပ၌ ဝယ်ယူရန်ခက်ခဲသော ဆေးဝါးများကို ပြည်သူ့ဆေးရုံကြီးများ၌ ဆေးရုံကြီးကြပ်ရေး ကော်မတီမှ ဖွင့်လှစ်သည့် ဆေးဆိုင်များတွင် ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာနမှ သိရသည်။

Page 1946 of 2052