SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံတကာ ခရီးသွား ဧည့်သည်များ လက်တွင် အမြတ်တနိုး ဝယ်ယူဆင် မြန်းလာသော လက်ဝတ်ရတနာ အနုလက်ရာများကို တွေ့နိုင်သည်။ ထိုလက်ဝတ်ရတနာမှာ ကျောက်စိမ်း အနုလက်ရာလက်မှု အထည်များပင် ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက် သမိုင်းဝင် နေရာများတွင် ကျောက်စိမ်း လက်ဝတ် အထည်များကို ရောင်းချလေ့ရှိသည်။ ကျောက်စိမ်း လက်ဝတ်ရတနာ အ ထည်များမှာ လှပပြီး ဆွဲဆောင်မှုရှိသည်။

မြင်းခြံ  သြဂုတ်  

အင်္ဂလိပ်စာ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်သံခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပသည်။

နေပြည်တော်  သြဂုတ်  

နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီးဝင်းအတွင်း ခရီးသွားလာကြမည့် ပြည်သူများအား ရာသီတုပ်ကွေးရောဂါ H1N1 ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း များဝေ ငှပေးခြင်းနှင့် ပညာပေး ဟောပြောခြင်းကို ယမန်နေ့ ည ၇  နာရီခွဲက ခရိုင်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ကြောင်း သိရသည်။

ခင်ဦး  သြဂုတ်  

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ခင်ဦး မြို့ပေါ်ရှိ ဆေးဆိုင် ခုနစ်ဆိုင်အား သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ မြို့နယ် အစားအစာနှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများက ယနေ့တွင် ကွင်း ဆင်း စစ်ဆေးသည်။

မုံရွာ သြဂုတ်  

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာများသို့ ထင်းအစားထိုး အခြားလောင်စာများဖြင့် တွဲဖက် အသုံးပြုနိုင်သည့် စွမ်းအားမြှင့် မီးဖို ၁၁၂၈ဝ လုံးကို ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်း လန်းစိုပြည်ရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

ရန်ကုန်  သြဂုတ်  

မီးဘေးအန္တရာယ်နှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှု သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပသည်။

နေပြည်တော်   သြဂုတ်  

မန္တလေး အကျဉ်းထောင်နှင့် အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အကျဉ်းသား ကျောင်းသား၊ ကျောင်းသူခုနစ်ဦး ယနေ့နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

လေးစား အပ်ပါသော ပြည်သူ အပေါင်းတို့ ခင်ဗျား၊ ဒီကနေ့ဟာ အာဆီယံ အဖွဲ့ကြီး စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း (၅ဝ) ပြည့်မြောက်တဲ့ ရွှေရတု နှစ်ပတ်လည်နေ့ ဖြစ်ပြီးတော့ အာဆီယံအတွက် သမိုင်းမှတ်တိုင် တစ်ခုပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ငါးစု အတွင်းမှာ အာဆီယံ နိုင်ငံများ အနေနဲ့ ကျေနပ် ဂုဏ်ယူဖွယ်ရာ တိုးတက် ဖြစ်ထွန်းမှုတွေ ရှိခဲ့ပါတယ်။ ယနေ့အာဆီယံ ၁ဝ နိုင်ငံရဲ့ စီးပွားရေး ပေါင်းစည်းမှုဟာ ကမ္ဘာ့ အဆင့်(၆) နေရာမှာ ရောက်ရှိနေပြီး ဒီ အောင်မြင်မှုဟာ မဆုတ်မနစ် ကြိုးပမ်း အားထုတ်ခဲ့တဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ မှတ်ကျောက်ပဲ ဖြစ်ပါတယ်။

သံတွဲ သြဂုတ် ၇

ရခိုင်ပြည်နယ် သံတွဲနှင့် တောင်ကုတ် မြို့နယ်တို့ရှိ မြေဧက ၁ဝဝ တွင် ရော်ဘာပင်၊ သီဟိုဠ်ပင်၊ သရက်ပင် ၁၅ဝဝ ကျော်ကို ယခုလအတွင်း စတင်စိုက်ပျိုးရန် ပြည်နယ်လယ်ယာ စိုက်ပျိုးရေး ဦးစီးဌာနက စီစဉ်နေကြောင်း သိရသည်။

ဗန်းမော်  သြဂုတ် ၇

ပြည်သူ့ ဝန်ဆောင်မှု သင်တန်း (Civil Service Training) ဖွင့်ပွဲ အခမ်းအနားကို ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့ တော်ခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပသည်။

Page 773 of 786