SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဒီးမော့ဆို သြဂုတ် ၇

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆို ကျေးရွာအုပ်စု ကက်သ လစ် ဓမ္မာရုံ၌  ယမန်နေ့နံနက် ၁ဝ နာရီခွဲက ကျင်းပသည်။

ကျောက်ထု သြဂုတ် ၇

မကွေးတိုင်း ဒေသကြီး ကျောက်ထုမြို့ တောင့်တက်ကျေးရွာ၌ လူထုဗဟိုပြု စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရေတင်ရေစုကန် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပသည်။

နေပြည်တော် သြဂုတ် 

နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ (၉၂)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားနှင့် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေပြား သင်္ကန်းတော်များ ကပ်လှူပူဇော်နိုင်ရန်အတွက် ရွှေစင်ရွှေသားများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော် အတွင်း၌ ကျင်းပသည်။

ရန်ကုန်  သြဂုတ် 

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) အနေဖြင့် ယခုလကုန်ပိုင်းတွင် ရန်ကုန်နှင့် နေပြည်တော်ရှိ အော်တိုတယ် လီဖုန်းအိတ်ချိန်းကိုးခု၌ ခတ်မီအိတ်ချိန်းစက်များ လဲလှယ်တပ်ဆင် အသုံးပြုကာ လက်ရှိအသုံးပြုနေေ သာ အော်တို တယ်လီဖုန်း နံပါတ်များကိုလည်း ဂဏန်းခုနစ်လုံး ပါရှိသော ဖုန်းနံပါတ် အသစ်များအဖြစ် ပြောင်းလဲပေးရန် စီစဉ်ထားကြောင်း သိရသည်။

ကသာ   သြဂုတ်  

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဧရာဝတီ မြစ်ကူးတံတား (ကသာ)နှင့် ချင်းတွင်းမြစ်ကူး တံတား (ဖောင်းပြင်)  တည် ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်နိုင်ငံရှိ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုက စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့တာဝန်‌ရှိသူတစ်‌ဦးထံမှ သိရသည်။

ရန်ကုန်   သြဂုတ် 

ပြည်တွင်း၌ လုပ်ငန်းစတင်လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် Angel Investor အစီအစဉ်တစ်ခု လုပ်ဆောင်ရန်  စီစဉ်နေကြောင်း မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ရန်ကုန်  သြဂုတ် 

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ယခုနှစ်အတွင်း ဆန်တန်ချိန် သုံးသိန်းတင်ပို့နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ ရန်ကုန်ဆိပ်ကမ်းအပြင် တခြားဆိပ်ကမ်းများမှပါ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ် အတွင်းရေး မှူး ဦးရဲမင်းအောင်ထံမှ သိရသည်

မြန်အောင်  သြဂုတ် 

ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့နယ် ကြက်ခြေနီ အသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ရှေးဦးသူနာပြု စုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို မြန်အောင်မြို့ လက်ပံရပ် အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့က ကျင်းပသည်။

ချောက် သြဂုတ် 

မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ၂ဝ၁၇ - ၂ဝ၁၈ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မျိုးသန့်မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကို ဥမင်ကိုးပေါက် ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှု ဦးစီးဌာန ရှင်းလင်းဆောင်၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

မကွေး  သြဂုတ် 

မကွေးတိုင်း ဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို တလုပ်ပင်ေ ကျးရွာအုပ်စု ကံကြီးကျေးရွာ၌ ယမန်နေ့က ကျင်းပသည်။

Page 774 of 786