SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နေပြည်တော်    သြဂုတ်   

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင် ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ် အားကစားရုံ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အရာရှိ၊ စစ် သည်၊ မိသားစု များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

နေပြည်တော်     သြဂုတ်   

ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲ ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် အရာရှိ၊ စစ် သည်၊ မိသားစု များ၊  ဒိုင်အဖွဲ့ဝင်များနှင့်  ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။

နေပြည်တော်  သြဂုတ် 

မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဒုတိယ အကြိမ် ထုတ်ချေးပေးခြင်း အခမ်းအနားကို နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ဇလောင်း(မြောက်)ကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်း၌  ယမန် နေ့ နံနက် ၉ နာရီက ကျင်းပသည်။

မကွေး  သြဂုတ် 

မကွေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်နှင့် မကွေးမြို့ရှိ ပရဟိတအဖွဲ့ ၂၈ ဖွဲ့တို့ ပူးပေါင်း၍ လတ်တလော ဖြစ်ပွားနေသော ရာသီတုပ်ကွေး ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ကျောင်းများနှင့် ကျေးလက်ဒေသများအထိ ကွင်းဆင်းပညာပေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ကသာ  သြဂုတ် 

စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်မှု အထိမ်းအမှတ်အဖြစ် မြန်မာအမျိုးသမီးများ ကိုယ်၊ နှုတ် အမူအရာ ယဉ်ကျေး သိမ်မွေ့ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကသာမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ညောင်ဦး   သြဂုတ်  

အခြေခံပညာ အထက်တန်းကျောင်းခွဲမှ အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်း အနားကို မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် တုရင်းတိုင်း ကျေးရွာအုပ်စု လက်ဝဲကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပသည်။

နေပြည်တော်  သြဂုတ်  

ရာသီတုပ်ကွေးရောဂါ H1N1 ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို နေပြည်တော် ကောင်စီနယ်မြေ   ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့   မွန်း လွဲ ၂ နာရီက ကျင်းပသည်။

ညောင်ဦး သြဂုတ် ၆

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် အကျဉ်းဦးစီးဌာန အကျဉ်းထောင်ရှိ အကျဉ်းကျ နေသူများအား ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်စားသောက်နိုင်စေရန် ရည်ရွယ်၍ အထက်မြန်မာပြည် TB (Mobile Team) မှ အဖွဲ့ခေါင်း ဆောင် ဒေါက်တာ ဝေယံကျော် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ညောင်ဦးခရိုင် အကျဉ်းထောင်သို့ သွား ရောက်ပြီး အကျဉ်းကျ အမျိုးသား၊ အမျိုးသမီးများ တီဘီရောဂါ ကင်းဝေးစေရေးအတွက် ကွင်းဆင်းစစ်ဆေး ကုသပေး ကြောင်း သိရသည်။

ကော့သောင်း သြဂုတ် ၆

တနင်္သာရီ တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း) ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ပိုင်းက ကော့သောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။

Page 775 of 786