စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှုလေ့ကျင့်ခန်းများ ဆောင်ရွက်ရန် အတွက် သတိပေးချက် ထုတ်ပြန်ကြေညာခြင်း

၁။      တပ်မတော်(ရေ) စစ်ရေယာဉ်များသည် ၂ဝ၂၁ ခုနှစ်၊ ဧပြီလ  ၄ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက်စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်းများအား ဘင်္ဂလား ပင်လယ်အော်အတွင်း လေ့ကျင့်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ လေ့ကျင့်ခန်း ဧရိယာအဖြစ် အောက်ပါအတိုင်း Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက်တို့အား ထုတ်ပြန်ကြေညာ ထားရှိပြီးဖြစ်ပါသည်-

 

(က) လေ့ကျင့်ခန်းဧရိယာ (၁)

 

      (၁) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၁ ဒီဂရီ ၅၂ မိနစ်

 

      (၂) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၆ မိနစ်

 

      (၃) မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၆ မိနစ်

 

      (၄) မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၁ ဒီဂရီ ၅၂ မိနစ်

 

(ခ) လေ့ကျင့်ခန်းဧရိယာ (၂)

 

      (၁)မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ဝ၆ မိနစ်

 

      (၂)မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၆ မိနစ်

 

      (၃)မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၆ မိနစ်

 

      (၄) မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ဝ၆ မိနစ်

 

(ဂ) လေ့ကျင့်ခန်းဧရိယာ (၃)

 

      (၁) မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၉.၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၇.၅ မိနစ်

 

      (၂) မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၉.၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၅ မိနစ်

 

      (၃) မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၁၅.၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၅ မိနစ်

 

      (၄) မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၁၅.၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၇.၅ မိနစ်

 

၂။ သို့ဖြစ်ပါ၍ လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် အဆိုပါဧရိယာများမှ ၁၅ မိုင်ပတ်လည်အား သင်္ဘောကြီး /ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်း သွားလာခြင်း၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာအပ်ပါသည်။