မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်

နေပြည်တော်၊ ဧပြီ - ၁၁

 

 မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၊ ငါးကန်လမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယနေ့နံနက် နာရီ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူများက မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက်ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ  မီးငြိမ်းသွားခဲ့သည်။

 

အထက်ပါမီးလောင်မှုမျာ;ကြောင့် လူ၊ တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ရုံးများအတွင်းရှိ ပရိဘောဂများ၊ မျက်နှာကျက်များနှင့် စာရွက်စာတမ်းအချို့ မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် ဖြစ်စဉ်အား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။

 

၎င်းအပြင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြဝတီဘဏ်(ဈေးချို)အား ဆူပူအကြမ်းဖက်သူ ဦးက ဆိုင်ကယ် စီးဖြင့် ရောက်ရှိလာပြီး အချင်း လက်မခွဲ၊ အရှည် လက်မ သံပိုက်အထူဖြင့် ပြုလုပ်ထားပြီး သံတိုသံစများထည့်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဘဏ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်တစ်ဦးတွင် ဝဲဘက်၊ ယာဘက်ခြေသလုံး ပွင့်ထွက်ကျိုးဒဏ်ရာ ရရှိခဲ့သဖြင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

 

အလားတူ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး နှင့် တွဲလျက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့နံနက် နာရီ ၄၅ မိနစ်ခန့် တွင် လက်လုပ်မိုင်း လုံးဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ၊ တိရစ္ဆာန်ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၁)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် လှော်ကားလမ်းထောင့်၌ ရပ်နားထားသော YBS ယာဉ်များအကြား  ယနေ့ ညနေ နာရီ မိနစ်ခန့်တွင် လက်လုပ်မိုင်း လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ အဆိုပါနေရာတစ်ဝိုက်အား ဆက်လက်ရှာဖွေရာ မပေါက်ကွဲ သေးသည့် လက်လုပ်မိုင်း လုံးအား ထပ်မံတွေ့ရှိရသဖြင့် အများပြည်သူအန္တရာယ် မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်းနိုင်ခဲ့သည်။

 

အလားတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်()ရပ်ကွက်၊ အမှတ်(၁၁)လမ်းရှိ ခရိုင်ရဲတပ်ဖွဲ့မှူး နေအိမ်ရှေ့ လူသွားလမ်းဘေး၌ ဆူပူအကြမ်းဖက်သူလူတစ်စုက ဒေသန္တရလက်လုပ်မိုင်း လုံးအား လာရောက်ချထားခဲ့ သဖြင့် အများပြည်သူအန္တရာယ်မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်း ဆည်းနိုင်ခဲ့သည်။    

 

အထက်ပါဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။