ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁၁

 

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ  ၁၀ ရက် တွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ လက်ယက်စမ်းကျေးရွာရှိ ဝေအောင်ချမ်းမျိုး ()ဝေယံ၏နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းအားတွေ့ရှိခြင်းမရှိဘဲ ဖခင်ဖြစ်သူ ဦးတင်မောင်ဝင်း()ဦးစံခိုင်နှင့် မနန္ဒာလင်း()ဦးကျော်နိုင်ဝင်း(အိမ်အကူ)တို့ ဦးအား လက်လုပ်ဗုံးမျိုးစုံ ၂၅၉ လုံး၊ အခြားဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ တောင်ငူမြို့၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရပ်ကွက်() ဖလန်ကုန်းကျေးရွာနေ မင်းကို()မင်းကိုကိုအား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

 

အလားတူ ယနေ့တွင် မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ ဘီ()လမ်းရှိ ဦးခင်မောင်သန်း()ဦးမောင်ထွန်းအား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံး ပြုသည့်ပစ္စည်းများဖြင့်လည်းကောင်း၊ မြစ်သားမြို့နယ်၊ ဘူတာရပ်၊ အောင်ဇေယျလမ်း၌ ဆူပူအကြမ်ဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များကလူစုခွဲခဲ့ရာ ၎င်းတို့အနက်မှ အမျိုးသား ဦးနှင့် အမျိုးသမီး ဦးတို့အား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်း များဖြင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

 

အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေး ယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။