ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19 ပိုးတွေ့လူနာ ၂၄ ဦးထပ်တိုး

နေပြည်တော်   သြဂုတ်  ၂၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက်  ၈ နာရီနှင့်  ည ၈  နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၂၄ ဦး ထပ်တိုးလာသဖြင့်  စုစုပေါင်းပိုးတွေ့လူနာ  ၄၇၄  ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၂၃-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL)မှ ထပ်မံစစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၇ ခု၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်   ၁၃ ဦး တွေ့ရှိရသည်။

(၂၃-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါ  ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)( NHL)မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၅၆ ခု၊ ဆေးသုတေသန ဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ ၂၂၇ ခု၊  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL,Mandalay))မှ  ဓာတ်ခွဲနမူနာ ၁၆၈ ခုနှင့်    ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၄၁ ခု စုစုပေါင်း ၁ဝ၉၂ ခုအားစစ်ဆေးခဲ့သည်။

(၂၄-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၄၆၅ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ  ဓာတ်ခွဲနမူနာ ၂၉၁ ခု၊  ပြည်သူ့ကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၉ဝ ခု၊  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၁၇၆ ခုနှင့်   ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၄၆ ခု စုစုပေါင်း ၁ဝ၆၈ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID -19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၁ ဦး တွေ့ရှိရသည်။

(၂၄-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင်  COVID -19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ ၄၇၄ ဦးရှိပြီဖြစ် သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက်ပိုး မတွေ့ ရှိသူ   စုစုပေါင်း  ၃၄၁ ဦးရှိပြီဖြစ်သည်။

၎င်းတို့အနက် ၃၃၅ ဦးအား   ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင်  အသွားအလာ ဆက်လက်က န့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။ (၂၃-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီမှ (၂၄-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရ သော စောင့်ကြည့်လူနာ အသစ် ၃၁ ဦးရှိ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။