ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားလေးဦး ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် သြဂုတ် ၂၃ ရက် ညနေ ၄ နာရီခန့်တွင် ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ဦးဇော်မျိုးမင်း(ဘ)ဦးအေးမြင့် မောင်းနှင်ပြီး ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးမင်းမင်းလတ်(ဘ)  ဦးမြင့်လွင် လိုက်ပါလာသည့် Mark-II  အမျိုးအစား  မော်တော်ယာဉ်အမှတ်၊ YGN-AA/---- အား  ရပ်တန့်စစ်ဆေးရာ   ယာဉ်ပေါ်၌   တရားမဝင် ဝင်ရောက်လာသော     တရုတ်နိုင်ငံသား အမျိုးသားလေးဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်နှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး ကျိုက်ထိုမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။