မိုးမောက်မြို့နယ်၊ စိန်လုံစစ်ဆေးရေးဂိတ်၌ တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသားငါးဦး ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၂၄

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံစစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ ဖိုးလပြည့်(ဘ) ဦးလွင်ဦး မောင်းနှင်လာသည့် Crown   အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 2D/---- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်နှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး  မိုးမောက်မြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။