နမ္မတူမြို့၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၂၀ ဦးဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ္မတူမြို့၊ အမှတ်(၃)ရပ်ကွက်၊ တရားရုံးလမ်းဆုံ၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ်  သြဂုတ် ၂၃ ရက်  ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် နမ္မတူမြို့ဘက်မှ မန်စံကျေးရွာဘက်သို့ အောင်ထွန်းလင်း (ဘ) ဦးလှမြင့်မောင်းနှင်ပြီး     အောင်ယုပန်(ဘ) ဦးဟုန်ရှင်းကန် လိုက်ပါလာသည့်  Hilux  Tiger  4WD အမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHN- 7H/---- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌  တရားမဝင်ဝင်ရောက်လာသူ တရုတ်နိုင်ငံသားအမျိုးသား ၁၅ ဦးကိုလည်းကောင်း၊ ၎င်းယာဉ်နောက်မှ လိုက်ပါလာသော လမ်းပြဖြစ်သူ     ကျော်ဝမ်း(ဘ)ဦးအနိုင်စင်နှင့် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများ ဖြစ်သည့် စိုးသူရ(ဘ) ဦးဟာနစ်၊ ဇော်လင်း(ဘ)ဦးလှမောင်၊  ကျော်မင်းဦး(ဘ) ဦးဌေးအောင်၊ ဇော်မြင့်သောင်း(ဘ)   ဦးကျော်ဇောနှင့် အောင်နိုင်(ဘ)ဦးစိုးဝင်းတို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များပေါ်၌ တရုတ်နိုင်ငံသား     အမျိုးသားငါးဦး တို့ကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊ ဆိုင်ကယ်များနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး နမ္မတူမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။